25 C
Yangon

ငပုတောမြိုနယ်၊ မန်ကျည်းပင်သုံးခွကျေးရွာအုပ်စုတွင် ကျေးရွာအုပ်ချုပ်ရေးအဖွဲဝင်အားလုံး၏ သားများကို စစ်မှုထမ်းရန် စာရင်းတွင် ချန်ထားခဲ့၊ မြိတ်မြိုတွင် အုပ်ကြီး၏သားကို စစ်မှု ထမ်းစာရင်း မထည့်၍ မဲနှိက်ပွဲပျက်

Must read

ရန်ကုန်၊ မတ် ၁၉

ဧရာ၀တီတိုင်း၊ ငပုတောမြိုနယ်၊ မန်ကျည်းပင်သုံးခွကျေးရွာအုပ်စုတွင် စစ်မှုထမ်းရန် လူငယ်စာရင်းပြုစုခြင်းနှင့် မဲနှိက်ကြရာတွင် ကျေးရွာအုပ်ချုပ်ရေးအဖွဲဝင်အားလုံး၏ သားများ၏နာမည်များကို ထည့်သွင်းခြင်းမပြုဘဲ ချန်ထားခဲ့ကြကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။

မတ်လ ၁၈ ရက်နေ့တွင် ဧရာ၀တီတိုင်း၊ ငပုတောမြိုနယ်၊ မန်ကျည်းပင်သုံးခွ ကျေးရွာအုပ်စုတွင် စစ်မှုထမ်းရန် ကျေးရွာအလိုက် လူငယ်များကို စုဆောင်းကြောင်း၊ ယင်းနောက် ကျေးရွာများမှ လူငယ်များကို စစ်မှုထမ်းစာရင်း ပြုစု၍ မဲနှိက်ခိုင်းရာတွင် ကျေးရွာအုပ်ချုပ်ရေးအဖွဲဝင်အားလုံး၏ သားများကို နာမည်စာရင်း ထည့်သွင်းခြင်းမပြု သည့်အပြင် မဲနှိက်သည့်စာရင်းတွင်လည်း မပါဝင်ကြောင်း သိရှိရသည်။

“မနေ့ မတ်လ ၁၈ရက်နေ့မှာ ဧရာဝတီတိုင်း ငပုတောမြိုနယ် မန်ကျည်ပင်၊သုံးခွအုပ်စုမှာ စစ်မှုထမ်းဖိုမဲနှိက်ကျပါတယ်။ ကျေးရွာတစ်ရွာကို ၃ ဦး စစ်ထဲလိုက်ရမယ်။ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ အဖွဲဝင်တွေက သူ့တိုသားတွေကို မီးသတ်တပ်ဖွဲမှာ သွားထားကြတယ်။ စစ်မှုထမ်းစာရင်းထဲလည်းမထည့်ဘူး။ မဲနှိက်တဲ့စာရင်းထဲလည်း မထည့်ဘူး” ဟု ဒေသပြည်သူတစ်ဦးက ဆိုသည်။

ထိုပြင် ငပုတောမြိုနယ် မန်ကျည်ပင်၊သုံးခွအုပ်စု၏ အုပ်ချုပ်ရေးမှူး မောင်ခိုင်၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲဝင် သန်းလွင်-၈ရပ်ကွက်၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲဝင် တင်စွန်း-၇ရပ်ကွက်၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲဝင် ဒေါက်တို-၆ရပ်ကွက်၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲဝင် နိုင်နိုင်-၅ရပ်ကွက်၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲဝင် သန်းနိုင် -၃ရပ်ကွက်၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲဝင် ဖိုးနိုဆီ တိုက လူငယ်စာရင်းများကို ပြုစုကြပြီး ၎င်းတိုသားများ စစ်မှုထမ်းစာရင်းမှ ဖယ်ထုတ် ဖျောက်ဖျက်ကြကြောင်း သိရှိရသည်။

“အခုလက်ရှိ စစ်မှုထမ်းဖိုမဲပေါက်တာက ၈ ရပ်ကွက်က ကိုဇော်ဦးသား နဲ့ အုန်းတပင်စုက တူဝရီး ၂ ယောက်ပေါက်ပါတယ်။ အုန်းတပင်စုက မဲပေါက်တဲ့ကောင်လေးရဲ့ အမေနဲ့မိန်းမက ငိုပြီးတက်သွားလို မန်ကျည်းပင်ဆေးရုံကိုတင်ထားရပါတယ်။ မဲပေါက်တဲ့ကလေး ၃ယောက်ကတော့ အဆိပ်သောက်အသေခံမယ်ပြောပါတယ်။

မဲ ပေါက်တဲ့လူငယ် ၃ ဦးကို အခုတစ်ခါတည်းခေါ်သွားတယ်။ ငပုတောမြိုပေါ် တပ်ထဲ ခေါ်သွားတာ” ဟု ဒေသပြည်သူကရှင်းပြသည်။

အလားတူ တနင်္သာရီတိုင်း၊ မြိတ်မြို၊ တပ်ပြင်ရပ်ကွက်တွင်လည်း လူငယ်များကို စစ်မှုထမ်းခိုင်းရန် စာရင်းပြုစု မဲနှိက်ခိုင်းရာတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ သားနာမည်ကို ချန်ရစ်ထားခဲ့သဖြင့် ဒေသပြည်သူများက မကျေမနပ်ဖြစ်ကာ မဲနှိက်ပွဲ ရပ်ဆိုင်းလိုက်ရကြောင်း သိရှိရသည်။

မတ်လ ၁၅ ရက်နေ့ နံနက် ၁၀ နာရီ မဲနှိက်ရန် ပြင်ဆင်နေချိန် စစ်မှုထမ်းရန် အချက်အလက် ကိုက်ညီသော အုပ်ချုပ်ရေးမှူးသားများ စစ်မှုထမ်းစာရင်းတွင် မပါဝင်လာ၍ စကားများကြကြောင်း၊ အသက် ၂၃ နှစ် မှ ၃၅ နှစ်အထိရှိနေသည့် အုပ်ချုပ်ရေးမှူး၏သားများ မဲနှိက်ကြရန် ရပ်ကွက်ပြည်သူများက တောင်းဆိုသဖြင့် မဲနှိက်ပွဲကို ရပ်ဆိုင်းလိုက်ကြောင်း သိရှိရသည်။

” အုပ်ချုပ်ရေးမှူးမှာလည်း သားရှိတယ်လေ။ အဲ့ဒါ ရပ်ကွက်ကဝိုင်းပြောတာပေါ့။ သူကတော့ အစည်းအဝေးမှာ သူ့သားက စာရင်းမကျလာသေးဘူးလို ပြန်ပြောတာပဲ။ အရပ်ကတော့ လက်မခံနိုင်ဘူးလေ။ ပွဲပျက်သွားတာပေါ့” ဟု တပ်ပြင်ရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ – မန္တလေးတွင် မဲနှိက်ရွေးချယ်ခံရသော စစ်မှုထမ်းရမည့် လူငယ်တစ်ဦးကို ထုတ်ပေးသည့် ကတ်ပြား။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

မန္တလေးတွင် မဲနှိက်ရွေးချယ်ခံရသော စစ်မှုထမ်းရမည့် လူငယ်တစ်ဦးကို ထုတ်ပေးသည့် ကတ်ပြား။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article