25 C
Yangon

စလင်းမြိုနယ်တွင် လူငယ်များကို စစ်မှုထမ်းရန် အသံချဲ့စက်ဖြင့် နှိးဆော်နေသည့် အုပ်ချုပ်ရေးမှူး ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး

Must read

ရန်ကုန်၊ မတ် ၁၉

မကွေးတိုင်း၊ စလင်းမြိုနယ်တွင် လူငယ်များကို စစ်မှုထမ်းရန် အသံချဲ့စက်ဖြင့် နှိးဆော်နေသည့် အုပ်ချုပ်ရေးမှူး ၁ ဦးကို ပစ်ခတ် တိုက်ခိုက်ရာ ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း စလင်းမြိုနယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို ပြောဆိုသည်။

မတ်လ ၁၈ ရက်နေ့ ည ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် မှာ သရက်တောတိုက်နယ်၊ ပခက်တိုင်ကျေးရွာ (ကပစ ၂၁ ) အနီးတွင် ပခက်တိုင်ရွာ အုပ်ချုပ်ရေးမှူး မြင့်ထူးသည် ကျေးရွာနေ ပြည်သူများကို အသံချဲ့စက်ဖြင့် စစ်မှူထမ်းရန် နှိးဆော်နေစဥ် စလင်းမြိုနယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲက ပစ်ခတ် တိုက်ခိုက်ရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသွားသော ပခက်တိုင်ရွာ အုပ်ချုပ်ရေးမှူး မြင့်ထူး ထံမှ လက်လုပ် ပစ္စတို သေနတ် ၁ လက်နှင့် ဆက်သွယ်ရေး စက် ၁ လုံး သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

“စစ်ကောင်စီရဲ့ စစ်မှူထမ်းဥပဒေနဲ့ ပြည်သူအပေါ် မတရားသဖြင့် နိုင့်ထက်စီးနင်း လုပ်နေသူ လက်ပါးစေမှန်သမျှကို အတတ်နိုင်ဆုံးထိထိရောက်ရောက် အရေးယူသွားမှာ ဖြစ်တယ်လို ပြေချင်ပါတယ်” စလင်းမြိုနယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article