25 C
Yangon

သန်လျင်၊ ကုလားဝဲကျေးရွာတွင် တစ်အိမ်တည်းမှ လူငယ် ၃ ဦး စစ်မှုထမ်းရန် မဲပေါက်သဖြင့် ကလိန်ကကျစ်ကျသည်ဟုဆိုကာ အုပ်ချုပ်ရေးမှူးကို ခေါင်းရိုက်ခွဲ

Must read

ဒေါပုံ သင်္ဘောကျင်းရပ်ကွက်တွင်လည်း စစ်မှုထမ်းရေး မဲနှိက်ပွဲလုပ်ရင်း ရုန်းရင်းဆန်ခတ်ဖြစ်၊ လှည်းကူးမြိုနယ် အလံတပိုကျေးရွာတွင် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲဝင်များ၏ သား၊တူများ စစ်မှုထမ်းစာရင်းမှ ထုတ်ထား

ရန်ကုန်၊ မေ ၁၉

ရန်ကုန်တိုင်းသန်လျင်မြိုနယ်၊ ကုလားဝဲကျေးရွာတွင် တစ်အိမ်တည်းမှ လူငယ် ၃ ဦး စစ်မှုထမ်းရန် မဲပေါက်သ ဖြင့် ကလိန်ကကျစ်ကျသည်ဟုဆိုကာ အုပ်ချုပ်ရေးမှူးကို ခေါင်းရိုက်ခွဲပြီး လူငယ်များနှင့် မိသားစုများထွက်ပြေးသွားကြောင်း စုံစမ်းသိရှိရသည်။

မတ်လ ၁၈ ရက်နေ့ ရန်ကုန်တိုင်း၊သန်လျင်မြိုနယ်၊ကုလားဝဲကျေးရွာတွင် စစ်မှုထမ်းရမည့် လူငယ်များကို မဲနှိက်ရွေးချယ်ကြောင်း၊ ထိုသို ရွေးချယ်ရာတွင် တစ်ရွာလုံးတွင် လူငယ် ၃ ဦးသာ ရွေးချယ်ရာတွင် အိမ်တစ်အိမ်တည်းမှ သား နှင့် သမက် ၃ ဦးလုံး မဲပေါက်ကြောင်း၊ အုပ်ချုပ်ရေးမှူး၏ သားဖြစ်သူများမှာ စစ်မှုထမ်းစာရင်းမပါဝင်ဘဲ အိမ်တစ်အိမ်တည်းမှ လူငယ် ၃ ဦး စစ်မှုထမ်းရန် မဲပေါက်မှုမှာ ကလိန်ကကျစ်လုပ်ကြောင်း ပေါ်လွင်၍ အုပ်ချုပ်ရေးမှူးကို မဲပေါက်သည့် လူငယ် ၃ ဦး၏ ဖခင်က ခေါင်းရိုက်ခွဲပြီး ထွက်ပြေးသွားကြောင်း သိရှိရသည်။

“မနေ့က ကုလားဝဲကျေးရွာမှာ မဲနှိက်တာကို တစ်အိမ်တည်းမှာပဲ လူငယ် ၃ ဦး မဲပေါက်တယ်။ သားနဲ့သမက်စုစုပေါင်း ၃ ဦး မဲပေါက်တော့ အဖေလုပ်တဲ့သူက အုပ်ကြီး ကလိန်ကကျစ်လုပ်တာဆိုပြီး ခေါင်းရိုက်ခွဲတယ်။ အုပ်ကြီးသားတွေကျတော့ စစ်မှုထမ်းထဲ မထည့်ဘဲ ငါ့သားနဲ့သမက်တွေကိုတော့ အကုန်လုံး စစ်ထဲထည့်ရမလားဆိုပြီး အဖေက ဒေါသထွက်ပြီး အုပ်ကြီးကို ခေါင်းရိုက်ခွဲတာ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ယင်းနောက် အကြမ်းဖက်စစ်တပ်က ကျေးရွာသို ရောက်ရှိလာပြီး အုပ်ချုပ်ရေးမှူးကို ခေါင်းရိုက်ခွဲသူ ဖခင်နှင့် လူငယ်တချိုကို ဖမ်းဆီးရန် ကြိုးစားကြောင်း၊ ပြည်သူများ ၀ိုင်းအုံလာသဖြင့် စစ်တပ်က သေနတ်ပစ်ဖောက်ခဲ့ကြောင်း၊ လက်ရှိတွင် အုပ်ချုပ်ရေးမှူးကို ရိုက်နှက်သွားသူနှင့် လူငယ်တချို ထွက်ပြေး လွတ်မြောက်သွားကြောင်း သိရှိရသည်။

” မဲနှိက်တာနဲ့ မဲပေါက်တာမှာ အုပ်ကြီးအကြံအဖန်လုပ်တာ၊ အုပ်ကြီးသားတွေတယောက်မှမပါဘဲ အကြံအဖန်လုပ်တယ်ဆိုပြီး ဖခင်ကဒေါသထွက်ပြီး အုပ်ကြီးကိုခေါင်းရိုက်ခွဲတယ်။ ရွာကလူတွေကဝိုင်းလာလို စစ်တပ်ကသေနတ်ဖောက်ပြီး ရိုက်နှက်တဲ့ ဖခင်အပါအဝင်ရွာက ၂ ဦးကို လိုက်ရှာပြီးဖမ်းဖိုလုပ်နေတယ်။ လောလောဆယ်တော့ လွတ်သွားတယ်။ အခုသန်လျင်မြိုထဲမှာလည်း စစ်ကားတွေ ပတ်နေတယ်” ဟု သန်လျင်ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။

အလားတူ ယနေ့ ဒေါပုံ၊ သင်္ဘောကျင်းရပ်ကွက်တွင်လည်း စစ်မှုထမ်းရေး မဲနှိက်ကြရန် မကျေနပ်မှုများဖြစ်ပေါ်ကာ ရုန်းရင်းဆန်ခန်ဖြစ်သဖြင့် စစ်တပ်နှင့်ရဲက ရောက်ရှိလာကြောင်း သိရှိရသည်။

“ဒီနေ့ ဒေါပုံ သင်္ဘောကျင်းရပ်ကွက်မှာ စစ်မှုထမ်း မဲနှိက်တာ။ ပထမ မဲပေါက်တဲ့ ၂ ယောက်က ဆေးမအောင် လက်မှတ်တင်ပြလာတယ်။ အဲဒါကြောင့် မဲထပ်နှိက်တာမှာ ရပ်ကွက်က မကျေမနပ်ဖြစ်ပြီး ရပ်ကွက်ရုံး မှာ ရုန်းရင်းဆန်ခတ်ဖြစ်ကြတယ်။ စစ်ခွေးနဲ့ရဲခွေးတွေ ရောက်နေတယ်” ဟု ဒေါပုံမှ ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ထိုပြင် ရန်ကုန်တိုင်းလှည်းကူးမြိုနယ်အလံတပို ကျေးရွာတွင်လည်း စစ်မှုထမ်းရမည့် လူငယ်များ စာရင်းများ ပြုလုပ်ရာတွင် ရာအိမ်မှူး‌ကျော်မိုး၏ တူတော်စပ်သူ မောင်ထက်ကို ၊ ဆယ်အိမ်မှူး ဝင်းရှိန်၏ တူတော်စပ်သူ မောင်ပြည့်ဖြိုး ၊ ဆယ်အိမ်မှူးတင်စိုး၏ သားဖြစ်သူ၊ တူတော်စပ်သူ အောင်ဟိန်းထက်တို၏ နာမည်များကို ဖြုတ်ပယ်ထားကြောင်း သိရှိရသည်။

ဓာတ်ပုံ – ငပုတောတွင် ယမန်နေ့ စစ်မှုထမ်းရမည့် လူငယ်များစာရင်းကို မဲဖောက်နေကြစဉ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ငပုတောတွင် ယမန်နေ့ စစ်မှုထမ်းရမည့် လူငယ်များစာရင်းကို မဲဖောက်နေကြစဉ်။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article