25 C
Yangon

စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေကြောင့် နယ်စပ်နှင့် ပြည်ပသို ပြည်သူများ အလုံး အရင်းဖြင့် ထွက်ခွာနေဟု NUG ယာယီသမ္မတ ပြောဆို

Must read

ရန်ကုန်၊ မတ် ၁၉

အကြမ်းဖက်စစ်ကောင်စီက စစ်မှုထမ်းဥပဒေ အသက်သွင်းသဖြင့် နယ်စပ်ဖြတ်ကျော်နှင့် ပြည်ပသို အလုံး အရင်းဖြင့် ထွက်ခွာနေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ- NUG ယာယီသမ္မတဒူဝါလရှီးလက ပြောဆိုလိုက်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ-NUG ၏ ၁၁ / ၂၀၂၄ အစိုးရအဖွဲအစည်းအဝေးတွင် ယာယီသမ္မတ ဒူဝါလရှီးလ က အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။

“အကြမ်းဖက်စစ်ကောင်စီက စစ်မှုထမ်းဥပဒေကို အသက်သွင်းဖို ကြိုးစားနေတာကြောင့်၊ နယ်စပ်ဖြတ်ကျော် ပြည်ပထွက်ခွာမှုတွေကလည်း အလုံးအရင်းနဲ့ ဖြစ်ပေါ်လာတာကို တွေ့ရပါတယ်။ ကျွန်တော်တို နိုင်ငံရဲ့ နိုင်ငံရေးအတိတ်သမိုင်းကို ကြည့်ရင်၊ ပြည်တွင်းရေးဖြစ်ရပ်တွေဟာ ကမ္ဘာ့ အခြေအနေတွေနဲ့ ဆက်စပ်ဖြစ်ထွန်းတာကို တွေ့ရလေ့ရှိပါတယ်” ဟု NUG ယာယီသမ္မတက ပြောဆိုသည်။

လက်ရှိ နိုင်ငံရေးအခြေအနေများသည် အိမ်နီးချင်းနိုင်ငံများ၏ အခန်းကဏ္ဍနှင့် တိုက်ရိုက် ပတ်သက်ဆက်စပ်နေကြောင်း၊ ပြည်တွင်းရေးသည် နိုင်ငံတကာနှင့် တိုက်ရိုက် ဆက်စပ်လာကြောင်း ၎င်းက ပြောဆိုသည်။

” ရှမ်းပြည်နယ်မြောက်ပိုင်း ခုခံတော်လှန်စစ်အခြေအနေတွေကို ကြည့်ရင်၊ တရုတ်နိုင်ငံရဲ့ အခန်းကဏ္ဍကို ထင်ထင်ရှားရှားတွေ့ရမှာဖြစ်ပါတယ်။ ဒါ့အပြင် အခု ရက္ခိုင်ပြည်နယ်မှာ စစ်အာဏာရှင်စနစ် ချေမှုန်းရေးနဲ့ ရက္ခိုင်အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲတွေ ဆင်နွှ နေပါတယ်။ အဲသည့်မှာ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေရဲ့ အခန်းကဏ္ဍကိုလည်း အရေးတကြီး တွေ့မြင်ရမှာဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာလည်း မြန်မာ့အရေးနဲ့ပတ်သက်ပြီး တွန်းတွန်းတိုက်တိုက် ဆွေးနွေး အဖြေရှာတာတွေကို ကျွန်တော်တို တွေ့မြင်ရပါတယ်။ အခုလို ၂၁ ရာစုမှာ နိုင်ငံတကာရေစီးနဲ့ ပြည်တွင်းရေးဖြစ်ရပ်တွေက ပိုပြီး ရောယှက်လာတာကို တွေ့မြင်ရပါတယ်။ ပြည်တွင်းရေးကိစ္စတွေရဲ့ ပြောင်းလဲဖြစ်ပေါ်မှုတွေဟာ ကျွန်တော်တိုရဲ့ ဒေသတွင်း အိမ်နီးချင်း နိုင်ငံတွေရဲ့ အထွေထွေ ရှုမြင်ချက်တွေနဲ့ ဆက်စပ်နေတယ်ဆိုတာ မမေ့ဖိုလိုပါတယ်။ ဒေသတွင်း နိုင်ငံတွေရဲ့ မူဝါဒ သဘောထားတွေနဲ့ အံဝင်ခွင်ကျ ချိတ်ဆက်ပြီး လက်တွေ့ကျကျ စဉ်းစားကြည့်မြင်နိုင်ဖို လိုပါတယ်” ဟု ၎င်းက ပြောဆိုသည်။

ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တွင် စစ်ကောင်စီ အရေးနိမ့်နေသကဲ့သို ကချင်ပြည်နယ်တွင် လည်း အောင်ပွဲများ ရရှိနေကြောင်း၊ အဆိုပါ အောင်ပွဲများသည် လူထုအောင်ပွဲများပင်ဖြစ်ကြောင်း၊ အောင်ပွဲများကို အနာဂတ် နိုင်ငံတော်သစ်ဆီသို သယ်သွားရမည်ဖြစ်ကြောင်း သမ္မတက ဆိုသည်။

“အခုဆိုရင် နွေဦးတော်လှန်ရေးရဲ့ ခုခံတော်လှန်စစ်ဟာ အံ့ဩမှင်သက်ရလောက်အောင် ပြောင်းလဲ တိုးတက်မှုတွေကို မြင်နေရပြီဖြစ်ပါတယ်။ အချိန်တိုအတွင်းမှာ ရှမ်းပြည်နယ် မြောက်ပိုင်းက ခုခံတော်လှန်စစ်အောင်မြင်မှုတွေကို မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရသလို၊ အခုလည်း ရက္ခိုင်ပြည်နယ်မှာ တိုင်းရင်းသားလွတ်မြောက်ရေးကို လက်တွေ့ကျကျ မြင်တွေ့လာရပြီဖြစ်ပါတယ်။ ဒီရက်သတ္တပတ်အတွင်းမှာ ကချင်ပြည်နယ် ဧရိယာအတွင်းက ခုခံတော်လှန်စစ်တွေကလည်း အရှိန်အဟုန်ပြင်းပြင်းနဲ့ အောင်ပွဲခံလာနိုင်တာကို ထင်ထင်ရှားရှားတွေ့မြင်ရပါတယ်။ ဒါတွေဟာ လူထုတစ်ရပ်လုံးရဲ့ အောင်ပွဲဖြစ်သလို၊ အနှစ်နှစ်အလလက သိုမှီးထားတဲ့ တိုင်းရင်းသား တော်လှန်ရေးသက်လုံတွေရဲ့ ကျေးဇူးပြုမှုတွေလည်းဖြစ်ပါတယ်။ ဒီလိုအောင်ပွဲရလဒ်တွေကို ကျွန်တော်တိုအားလုံး အညီညွှတ်ပြုပြီး အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ် တည်ဆောက်ရေးအထိ သယ်ဆောင်သွားနိုင်ဖို အထူးလိုအပ်ပါတယ်” ဟု ယာယီသမ္မတ ဒူဝါလရှီးလက ဆိုသည်။

ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်ပေါ်ထွန်းရေး အတွက် ဆက်လက်ကြိုးစားရမည်ဖြစ်ပြီး ပဋိပက္ခအသစ် မဖန်တီးရန်နှင့် စစ်အာဏာရှင်စနစ်ဆိုး ပြန်လည် ခေါင်းမထောင်နိုင်ရေး ဖိဖိစီးစီးဆောင်ရွက်ကြရန် NUG ယာယီသမ္မတက ထည့်သွင်းပြောဆိုသွားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article