26 C
Yangon

Khit Thit သတင်းဌာန၏ မတ် ၂၀ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ မတ် ၂၀ ရက်နေ့ မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • ကရင်ပြည်နယ်၊ KNU တပ်မဟာ ၆ နယ်မြေမှာ KNLA အပါအဝင် တော်လှန်ရေးတပ်တွေရဲ့ တိုက်ခိုက်မှု ကြောင့် စစ်ကောင်စီတပ်သား ၅၀ နီးပါး ထိုင်းဘက်ထဲကို လက်နက်တွေနဲ့ ထွက်ပြေးသွားတယ်လို့ PDF သတင်းရင်းမြစ်က ပြောပါတယ်။
  • ရန်ကုန်အတွင်း အကြမ်းဖက်စစ်တပ်ရဲ့ စစ်မှုမထမ်းမနေရ အမိန့်ကြေညာချက် အသက်ဝင်စေဖို့ ကူညီနေသူ အားလုံးကို ထိရောက်ပြင်းထန်စွာ အရေးယူသွားမယ်လို့ ရန်ကုန်မြို့ပြပြောက်ကျား အဖွဲ့အစည်းတွေက သတိပေးကြေညာထားပါတယ်။
  • မကွေးတိုင်း၊ စလင်းမြို့နယ်မှာ လူငယ်တွေကို စစ်မှုထမ်းဖို့ အသံချဲ့စက်နဲ့ နှိုးဆော်နေတဲ့ အုပ်ချုပ်ရေးမှူး ၁ ဦးကို ပစ်ခတ်ရာ ပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာကို ပြောပါတယ်။
  • ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုး၊ သီပေါ၊ ကျောက်မဲ၊ နောင်ချို၊ မိုးကုတ်နဲ့ မိုးမိတ်မြို့တို့မှာ အကြမ်း ဖက်စစ်ကောင်စီအတွက် အတင်းအဓမ္မ စစ်သားစုဆောင်းပေးနေတဲ့ ရပ်ရွာအုပ်ချုပ်ရေးမှူးတွေကို ပြင်းထန်စွာ အရေးယူသွားမယ်လို့ TNLA က တရားဝင်ကြေညာလိုက်တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article