25 C
Yangon

ညောင်လေးပင်ခရိုင်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦးသေဆုံး

Must read

ရန်ကုန်၊ မတ် ၂၀

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ရာ ပြည်သူ ၁ ဦးသေဆုံးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။

KNU ထိန်းချုပ်နယ်မြေ လယ်ဒိုမြိုနယ် အတွင်း မတ်လ ၁၆ ရက်နေ့ ည ၈ နာရီ ၂၁ မိနစ်မှ ၈ နာရီ ၃၀ မိနစ် အထိ ပိန်းဇလုပ် အခြေစိုက် အကြမ်းဖက် စစ်တပ်၏ ခမရ−၂၆၄ တပ်ရင်းက ၁၅၅ မမ ဟောင်ဝစ်ဇာ လက်နက်ကြီး ၄ လုံး ပစ်ခတ်ခဲ့ရာ ပဒဲကောအောက်မီးကျေးရွာ၊ မဘီကြီးရွာသစ် အတွင်း ကျရောက် ပေါက်ကွဲခဲ့ကြောင်း သိရသည်။

မတ်လ ၁၇ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်ခန့်တွင် ပိန်းဇလုပ် အခြေစိုက် အကြမ်းဖက် စစ်တပ်၏ ခမရ−၂၆၄ တပ်ရင်းက ၁၅၅ မမ ဟောင်ဝင်ဇာ လက်နက်ကြီး ၂ လုံး ပစ်ခတ်ခဲ့ရာ ဘုရားကြီးကျေးရွာနှင့် မဘီလေးရွာ အတွင်း ကျရောက် ပေါက်ကွဲခဲ့ပြီး ဘုရားကြီးရွာမှ အသက် ၅၁ နှစ်အရွယ် နော်စေးကပလာ သေဆုံးခဲ့ပြီး အသက် ၁၀ နှစ် အရွယ် မိသောကြာ ထိခိုက် ဒဏ်ရာ ရရှိကာ နေအိမ် ၁ လုံးပျက်စီးပြီး နွား ၁ ကောင် သေဆုံးခဲ့ကြောင်း သိရှိရသည်။

မတ်လ ၁၆ ရက်နေ့ ညနေ ၃ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်က ဒရုန်းများဖြင့် ဝက်တူ ကျေးရွာကို ဗုံးသီး ၄ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း ကျေးရွာနေပြည်သူ အသက် ၅၅ နှစ်အရွယ် ဦးခင်ဇော် ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မတ်လ ၁၈ ရက်နေ့ ည ၇ နာရီ ၁၅ မိနစ်ခန့်တွင် ပိန်းဇလုပ် အခြေစိုက် အကြမ်းဖက် စစ်တပ်၏ ခမရ−၂၆၄ တပ်ရင်းက ၁၂၀ မမ လက်နက်ကြီး ၂ လုံးအား ပစ်ခတ်ခဲ့ရာ အလယ်ရွာနှင့် နွားရေကြောင်းကြာ ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ ယင်းနေ့ ည ၁၀ နာရီ ၁၅ မိနစ်ခန့်တွင် ခမရ−၂၆် တပ်ရင်းက ၁၂၀ မမ လက်နက်ကြီး ၄ လုံးအား ပစ်ခတ်ခဲ့ရာ တွင်းကုန်းရွာနှင့် ချုံအင်းရွာ အကြား ကျ ရောက် ပေါက်ကွဲခဲ့ကြောင်း၊ ထိုပြင် ည ၁၀ နာရီ ၁၈ မိနစ်ခန့်တွင် ခမရ−၂၆၄ တပ်ရင်းက ၁၂၀ မမ လက်နက်ကြီး ၂ လုံး ထပ်မံပစ်ခတ်ခဲ့ရာ ကျောင်းကုန်းရွာဘေးနှင့် ရေတွင်းကုန်းရွာကို တစ်လုံး ကျရောက် ပေါက်ကွဲခဲ့ကြောင်း သိရှိရသည်။

မတ်လ ၁၉ ရက်နေ့ နံနက် ၂ နာရီ ၄၂ မိနစ်ခန့်တွင် ပိန်းဇလုပ်အခြေစိုက် အကြမ်းဖက် စစ်တပ်၏ ခမရ−၂၆၄ တပ်ရင်းက ၁၅၅ မမ ဟောင်ဝစ်ဇာ လက်နက်ကြီး ၂ လုံးကို ပစ်ခတ်ခဲ့ရာ တုံးတံတားရွာနှင့် ပန်းအင်းရွာအကြား ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

KNU ထိန်းချုပ်နယ်‌‌မြေ မူးမြိုနယ်အတွင်းရှိ အုန်းပင်စု၊ ရင်းတိုက်ကုန်း၊ နောင်ကုန်း ကျေးရွာများကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်လာပြီး မတ်လ ၁၃ ရက်နေ့အထိ တပ်စွဲထားကာ ကွင်းချောင်းဝရွာမှ နေ၍ လက်နက်ကြီးများဖြင့် အညာစု၊ ရေလဲ(ကရင်)၊ ရေလဲ (ဗမာ)၊ ရေလဲ (အနောက်)၊ ထွနီကုန်း အစရှိသော ကျေးရွာများအတွင်းကို အဆက်မပြတ် ပစ်ခတ်ခဲ့ပြီး ယင်းနေ့ မွန်းလွဲပိုင်းတွင် ရင်းတိုက်ကုန်း ရွာအနီးအနားရှိ နွာတဲများမှ နွားများ ပြန်လွတ်သည်ကို ရင်းတိုက်ကုန်းကျေးရွာ အတွင်း တပ်စွဲထားသော အကြမ်းဖက် စစ်တပ်က လက်နက်ကြီး၊ လက်နက်ငယ် များဖြင့် ပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မတ်လ ၁၅ ရက်နေ့ တစ်ရက်လုံး အကြမ်းဖက် စစ်တပ်က ဟောင်ဝစ်ဇာ လက်နက်ကြီး ၇၈ လုံးဖြင့် ရေလဲကျေးရွာ၊ အညာစုကျေးရွာ နှင့် ငနွားဆိပ်ကျေးရွာ အတွင်း ပစ်ခတ်ခဲ့ပြီး လက်နက်ကြီးများ ကျရောက်ပေါက်ကွဲမှုကြောင့် ကျေးရွာများအတွင်း ထိခိုက် ပျက်စီးမှုများရှိသော်လည်း ကျေးရွာများအတွင်း နေထိုင်သူများမရှိတော့သည့်အတွက် ထိခိုက်ပျက်စီးမှု အသေးစိတ်ကို ကောက်ယူနိုင်ခြင်း မရှိသေးကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ်သည် ပြည်သူများကို ပစ်မှတ်ထားပြီး ပြည်သူများ နေထိုင်ရာ ကျေးရွာများအတွင်းကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့သောကြောင့် ကျေးရွာနေ ပြည်သူများသည် အသက်ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပြီး ထိုသို ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူလူထုများအတွက် စားနပ်ရိက္ခာ၊ အမိုးအကာနှင့် ဆေးဝါး အကူအညီများ လိုအပ်လျက်ရှိကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article