25 C
Yangon

ဖာပွန်မြိုရှိ စစ်တပ်၏ တပ်ရင်းများကို ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံး၊ ကလေးမြိုနယ်အတွင်း စစ်ကြောင်းထိုးနေသော စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

Must read

ရန်ကုန်၊ မတ် ၂၀

ကရင်ပြည်နယ်၊ ဖာပွန်မြိုရှိ အကြမ်းဖက် စစ်တပ်၏ တပ်ရင်းများကို ဝင်ရောက် တိုက်ခိုက်ရာ စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း KNU-မူတြော် က ထုတ်ပြန်ထားသည်။

မတ်လ ၁၉ ရက်နေ့ နံနက်ပိုင်းတွင် KNLA-ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်၊ အမှတ် ၅ တပ်မဟာမှ တော်လှန်ရေး ရဲဘော်များနှင့် ဒရုန်းတပ်ဖွဲဝင်များက ဖာပွန်မြိုရှိ အကြမ်းဖက် စစ်တပ်၏ တပ်ရင်းများကို ဝင်ရောက် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁ ဦးသေဆုံးပြီး ၅ ဦးထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှု၏အတွင်း အကြမ်းဖက် စစ်တပ်က တိုက်လေယာဉ်များဖြင့် မူတြော်ခရိုင်အတွင်းရှိ မြိုနယ် ၃ မြိုနယ် အနှံ တနေကုန် ဝဲပျံ ကင်းထောက်ခဲ့ကြောင်း သိရှိရသည်။

မတ်လ ၁၈ ရက်နေ့ နံနက် ၁၀ နာရီခန့်ကလည်း ဖာပွန်မြို အခြေစိုက် အကြမ်းဖက် စစ်တပ်က မူတြော်ခရိုင်၊ လူသောမြိုနယ်၊ ပတ်လားကျေးရွာအတွင်းကို ၁၂၀ မမ လက်နက်ကြီး ၂ လုံးပစ်ခတ်ခဲ့ရာ ကျွဲ ၁ ကောင်သေဆုံးခဲ့ကြောင်း၊ ယင်းနေ့ ည ၇ နာရီ ၄၇ မိနစ်ခန့်ကလည်း ဘူးသိုမြိုနယ်၊ လေးကွယ်လိုရွာ အတွင်းကို ၁၂၀ မမ လက်နက်ကြီး ၂ လုံးနှင့် တာခူဒဲကျေးရွာအတွင်းကို ၁ လုံး ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ထိုပြင် စစ်ကိုင်းတိုင်း၊ ကလေးမြိုနယ်ရှိ ကျေးရွာများကို စစ်ကြောင်းထိုးနေသော စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ကလေးခရိုင် ပြည်သူ့ကာကွယ်ရေး Drone တပ်ဖွဲ (Wings of Kalay Drone Team) မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသိုပြောဆိုသည်။

မတ်လ ၁၃ ရက်နေ့တွင် ကလေးမြိုနယ် အောင်မင်္ဂလာကျေးရွာကို စစ်ကြောင်းထိုးလာသော ဟံသာဝတီရွာ၊ မြောက်ခင်ရမ်းရွာ၊ ကြံသာရွာ မှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ပါဝင်သော ပူးပေါင်း စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲများက ဒရုန်းဖြင့် ဗုံးသီး ၅ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

မတ်လ ၁၄ ရက်နေ့တွင်လည်း အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲများက ဒရုန်းဖြင့် ဗုံးသီး ၄ လုံး ထပ်မံ ကျဲချ တိုက်ခိုက်ရာ တိုက်ခိုက်မှု ၂ ခုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ကလေးခရိုင် ပြည်သူ့ကာကွယ်ရေး Drone တပ်ဖွဲ (Wings of Kalay Drone Team) နှင့်အတူ Kalay Revolution Force (KRF) ကလေးဒေသ တော်လှန်ရေးတပ်၊ CDF -KKG (Chinland Defense Force,Kalay-Kabaw-GanGaw) အဖွဲတိုက ပူးပေါင်း၍ Fixed Wing Drone များ အသုံးပြုကာ ဗုံးသီး ၉ လုံး တိတိ ကျဲချ တိုက်ခိုက်ခဲ့ကြောင်း ကလေးခရိုင် ပြည်သူ့ကာကွယ်ရေး Drone တပ်ဖွဲ (Wings of Kalay Drone Team) မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article