25 C
Yangon

Khit Thit သတင်းဌာန၏ မတ် ၂၀ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ မတ် ၂၀ ရက်နေ့ နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • ကရင်ပြည်နယ် ၊ ကျိုက်ဒုံမြို့က အကြမ်းဖက် စစ်ကောင်စီရဲ့ မဲသရောထစခန်း နဲ့ ဂျိုးဖြူချက်ပွိုင့် တောင် ကုန်းကို KNLA နဲ့ SOF ပူးပေါင်းတပ်ဖွဲ့က အပြီးသတ် တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး ၊ လက်နက် ၆၁ လက်နဲ့ စစ်သားတွေရဲ့ အလောင်းတွေပါ ရရှိထားသလို ၊ နောက်ထပ် စစ်သား အယောက် ၅၀ လောက်ကတော့ ထိုင်းနိုင်ငံဘက်အခြမ်း ထွက်ပြေးသွားတယ်လို့ တောင်ပိုင်းစစ်ဒေသ၊ အထူးတပ်ဖွဲ့ရဲ့ တပ်ဖွဲ့မှူး ကိုအောင်စံရှားက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • ပဲခူးမြို့နယ်မှာ လူဦးရေ ၁၀၀၀ ကျော်ရှိတဲ့ မုက္ကလကျေးရွာက လူငယ် ၁၆၀ ကို စစ်မှုထမ်းဖို့ ရွေးချယ်လိုက်တဲ့အတွက် မိခင်တွေနဲ့ ဇနီးမယားတွေ ရွာလုံးကျွတ် ငိုကြွေးပူပန်နေကြပြီး ၊ စစ်မှုမထမ်း ရမယ့်အိမ်တွေကနေလည်း တစ်အိမ်ကို လစဉ် ငွေကျပ် ၁ သောင်းနှုန်းကောက်ခံ နေတယ်လို့လည်း ဒေသခံ ပြည်သူတွေက ပြောပါတယ်။
  • တနင်္သာရီတိုင်း နဲ့ မွန်ပြည်နယ်အစပ်က ရေး-ထားဝယ် လမ်းပိုင်းမှာ တော်လှန်ရေး တပ်ပေါင်းစုကနေ နယ်မြေစိုးမိုးရေး ဆောင်ရွက်နေတဲ့အချိန် မလွဲတောင်ဂိတ်က စစ်သားတွေ ထွက်ပြေးသွားကြတဲ့အပြင် ၊ စစ်တပ်ရဲ့ ကုမ္ပဏီ တစ်ခုက ကား ၁ စီးကိုပါ သိမ်းဆည်းရမိထားပြီး ဝန်ထမ်းတွေကို ဖမ်းဆီး စစ်ဆေးနေတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article