25 C
Yangon

ရခိုင်ပြည် စစ်ရှုံးမှုအပေါ် ထိုးကြိတ်စကားများခဲ့ကြသည့် တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦးနှင့် စစ်တွေဒကစမှူး ဗိုလ်မှူးချုပ် မျိုးမင်းလတ်တို့ကို ရာထူးတာဝန်မှ ဖယ်ရှားဟု သတင်းထွက်ပေါ်

Must read

ရန်ကုန်၊ မတ် ၂၀

ရခိုင်ပြည်နယ်တွင် အကြီးအကျယ် စစ်ရှုံးမှုအပေါ် ထိုးကြိတ်စကားများခဲ့ကြသည့် တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦးနှင့် စစ်တွေဒကစမှူး ဗိုလ်မှူးချုပ် မျိုးမင်းလတ်တို့ကို ရာထူးတာဝန်မှ ဖယ်ရှားပြီး အရန်အင်အားပို့လိုက်သည်ဟု သတင်းများ ထွက်ပေါ်နေကြောင်း စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

စစ်ကောင်စီက အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦး နှင့် စစ်တွေ ဒေသကွပ်ကဲမှုစစ်ဌာနချုပေ၏ ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် မျိုးမင်းလတ်တို့ကို မတ်လ ၁၉ ရက်နေ့တွင် လက်ရှိ ရာထူးတာဝန်များမှ ဖယ်ရှားပြီး အရန်အင်အားအဖြစ် သတ်မှတ်လိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

“တိုင်းမှူးရော ဒကစမှူးရော လဲလိုက်ပြီလို့သိရပါတယ်။ ဗိုလ်မှူးချုပ်ကျော်ကျော်ဟန်နဲ့ ဗိုလ်မှူးချုပ် နေမျိုးအောင်က တိုင်းမှူးနဲ့ ဒကစမှူးအဖြစ် လာမယ်လို့တော့ သတင်းကြားတယ်။ အတည်ပြုနေတုန်းပဲ” ဟု စစ်တပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ရခိုင်ပြည်နယ်တွင် စစ်ရေးအရ အကြီးအကျယ်ရှုးနိမ့်နေမှုနှင့်ပတ်သက်ပြီး တိုင်းမှူး ဗိုလ်မှူးချုပ် ထင်လတ်ဦးနှင့် စစ်တွေဒကစမှူး ဗိုလ်မှူးချုပ် မျိုးမင်းလတ်တို့ ရန်ဖြစ်စကားများကြရာမှ ထိုးကြိတ်မှုဖြစ်ခဲ့ကြကြောင်း ၊ ရခိုင်တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦးက စစ်တွေဒကစမှူး ဗိုလ်မှူးချုပ် မျိုးမင်းလတ်အပေါ် အပြစ်တင် စကားဆိုရာမှ ရန်ဖြစ်ခဲ့ကြကြောင်း၊ ယင်းနောက် ကိုယ်ထိလက်ရောက် ထိုးကြိတ်ကြရာမှ ဗိုလ်ချုပ်ထင်လတ်ဦး သွားကျိုးပြီး ဗိုလ်မှူးချုပ် မျိုးမင်းလတ်မှာမူ နှာခေါင်းရိုးကျိုးသွားကြောင်း၊ ရန်ဖြစ်မှုကို စစ်ကောင်စီက စုံခုံဖွဲ့၍ အရေးယူခဲ့ကြောင်း သိရှိရသည်။

ဗိုလ်ချုပ်ထင်လတ်ဦးသည် စစ်တက္ကသိုလ် အပတ်စဉ် ၃၅ ကျောင်းဆင်းဖြစ်ပြီး စစ်တက္ကသိုလ် ကျောင်းအုပ်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေရာမှ ၂၀၂၀ ခုနှစ်၊ ဩဂုတ်လတွင် ရခိုင်ပြည်နယ်တိုင်းမှူး အဖြစ် ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article