25 C
Yangon

တန့်ဆည်၊ မြောက်အင်းကျေးရွာနှင့် အိုးသည်ကုန်းကျေးရွာကို စစ်တပ်က မီးရှို့မှု အမျိုးသမီး ၁ ဦးသေဆုံးပြီး အိမ်ခြေ ၃၃ လုံးပြာကျ

Must read

ရန်ကုန်၊ မတ် ၂၀

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ မြောက်အင်းကျေးရွာနှင့် အိုးသည်ကျေးရွာကို စစ်ကောင်စီ၏ ခမရ ၃၆၁ တပ်နှင့် ပျူစောထီးများက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မီးရှို့ဖျက်‌ဆီးခဲ့ရာ နေအိမ် ၃၃လုံး ပျက်စီးခဲ့ပြီး အမျိုးသမီး ၁ ဦး သေဆုံးခဲ့ကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြော‌ဆိုသည်။

မတ်လ ၁၈ရက် နံနက် ၁၁ နာရီခန့်တွင် တန့်ဆည်မြို့နယ်တွင်းသို့ စစ်ကြောင်းထိုးနေသော စစ်သားနှင့် ပျူစောထီး အင်အား ၁၈၀ခန့်က မြောက်အင်းရွာကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း၊ မတ်လ ၁၉ ရက်နေ့ နံနက် ၁၁နာရီ ၂၃မိနစ်တွင် အိုးသည်ကုန်းရွာကို ထပ်မံ မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်း သိရသည်။

“စစ်ခွေးနဲ့ပျူတွေက မူးခွရွာတံတားဖွင့်ပွဲနဲ့ ဆယ်တန်းစာမေးပွဲအတွက် လုံခြုံရေးယူတာဆိုပြီး ရွာတွေကို မီးလိုက်ရှို့နေတာပါ။ မိန်းကလေးတစ်ဦးလည်း မီးခိုးမွှန်ပြီး အောက်ဆီဂျင်ပြတ်ပြီး ဆုံးသွားတယ်။ အခု ညောင်လေးပင်နဲ့ အိုးသည်ကုန်းဘက်မှာ မီးတွေရှို့ပြီး လက်နက်ကြီးတွေ ရမ်းပစ်နေတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

တန့်ဆည်မြို့နယ်၊ မြောက်အင်းကျေးရွာကို အကြမ်းဖက်စစ်တပ်က ၄ကြိမ် စစ်ကြောင်းထိုးဝင်ရောက်ပြီး မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ၆၁လုံးထက်မနည်း မီးလောင်ပျက်စီးခဲ့ရပြီဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာများကို စစ်တပ်က ယမန်နှစ်အတွင်း မီးတင်ရှို့နေစဉ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာများကို စစ်တပ်က ယမန်နှစ်အတွင်း မီးတင်ရှို့နေစဉ်။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article