25 C
Yangon

မြန်မာစစ်တပ်က လူငယ်များကို စစ်သားအဖြစ် အဓမ္မ စုဆောင်းမှုကို နိုင်ငံတကာက တားမြစ်ပေးရန် သံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလသမဂ္ဂတွင် ထပ်မံတင်ပြ

Must read

ရန်ကုန်၊ မတ် ၂၀

အကြမ်းဖက်စစ်တပ်၏ အဓမ္မစစ်သားစုဆောင်းမှုကို တားမြစ်နိုင်ရေးအတွက် နိုင်ငံတကာအသိုင်း အဝန်းက လိုအပ်သည့် စီမံဆောင်ရွက်ချက်များ ချမှတ်လုပ်ဆောင်ပေးရန် ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက တောင်းဆိုလိုက်သည်။

မတ်လ ၁၃ ရက်နေ့မှ ၁၈ ရက်နေ့အထိ နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်တွင် ၆၈ ကြိမ်မြောက် Commission on the Status of Women (CSW)ဆိုင်ရာ အထွေထွေဆွေးနွေးမှု အစည်းအဝေး၊ ဝန်ကြီးများအဆင့် စကားဝိုင်းနှင့် အပြန်အလှန်ဆွေးနွေးမှုအစည်းအဝေးတွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း တက်ရောက်၍ မိန့်ခွန်းပြောကြား ရာတွင် ထိုသို့ ထပ်မံတင်ပြတောင်းဆိုလိုက်ခြင်းဖြစ်သည်။

မြန်မာလူငယ်လူရွယ်များသည် စစ်တပ်၏ တရားမဝင်သော အဓ္ဓမ စစ်သားစုဆောင်းမှုကြောင့် အ လွန်အမင်းစိုးရိမ်ရသည့် အခြေအနေသို့ ကျရောက်နေကြောင်း၊ စစ်တပ်၏ တစ်ခုတည်းသော ဆိုး ရွားသည့် ရည်မှန်းချက်မှာ လူငယ်များအား လူသားဒိုင်းများအဖြစ် အသုံးချရန်နှင့် ပေါ်တာဆွဲရန် သာဖြစ်ကြောင်း၊ သို့ဖြစ်ပါ၍ စစ်တပ်၏ တရားမဝင်စစ်သားစုဆောင်းရေးအား တားမြစ်နိုင်ရေး အတွက် နိုင်ငံတကာအသိုက်အဝန်းမှ လိုအပ်သည့် စီမံဆောင်ရွက်ချက်များကို ချမှတ်လုပ်ဆောင်ရန် အမျိုးသားညီညွတ်ရေးအစိုးရနှင့် ပြည်သူများက တောင်းဆိုလျက်ရှိကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားသည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် မတရားစစ်အာဏာသိမ်းခဲ့ချိန်မှစ၍ ပြည်သူ များ အနေဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်အာဏာရှင်အား ခုခံတွန်းလှန်ဆန့်ကျင်နေကြကြောင်း၊ စစ်အာဏာရှင်အနေဖြင့်မူ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများနှင့် စစ်ရာဇဝတ်မှု များမြောက်သည့် ရက်စက်ကြမ်းကြုတ်မှုများစွာကို နိုင်ငံတဝန်း၌ ဖြန့်ကျက်ကျူးလွန်လျက်ရှိ ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က ပြောကြားသည်။

အကြမ်းဖက် စစ်တပ်မှ အရပ်သားပြည်သူများအပေါ် မဆင်မခြင်နှင့် ပစ်မှတ်ထား တိုက်ခိုက်မှုများ ကြောင့် အများပြည်သူ၏ ပိုင်ဆိုင်မှု ၇၈,၀၀၀ ကျော်မှာ မီးရှို့ဖျက်ဆီးခံခဲ့ရပြီး နေရပ်စွန့်ခွာသူ ၂ ဒသမ ၇ သန်းကျော် ရှိလာခဲ့ပြီဖြစ်ကြောင်း၊ အမျိုးသမီးနှင့် မိန်းကလေးငယ် ၉ သန်းကျော် အပါအဝင် လူ ပေါင်း ၁၉ သန်း နီးပါးသည် လူသားချင်းစာနာ ထောက်ထားမှုအကူအညီများကို အရေးတကြီး လိုအပ် လျက်ရှိကြောင်း သိရသည်။

ကုလသမဂ္ဂ ၏အနေဖြင့် မြန်မာနိုင်ငံအရေးကိစ္စအတွက် အထောက် အကူ ဖြစ်စေနိုင်မည့် နည်းလမ်းအားလုံးကို အသုံးပြုရန်နှင့် မြန်မာနိုင်ငံတွင် စစ် အာဏာရှင်အား အပြီးတိုင် ဖယ်ရှားနိုင်ရေးနှင့် စစ်တပ်မှ အကျိုးခံစားနေသော ပြစ်ဒဏ် ကင်းလွတ်ခွင့်တို့ကို ထိရောက်စွာ ဖြေ ရှင်းနိုင်မည့် အရေးယူဆောင်ရွက်ချက်များ လုပ်ဆောင်ရန် အမှန်တကယ်လိုအပ်ကြောင်း ကုလသမဂ္ဂ ဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article