29 C
Yangon

တိုက်ခိုက်သိမ်းပိုက်ရရှိထားသော စစ်ကောင်စီ၏ ဘွမ်ရေဘွမ့် ပွိုင့် ၇၇၁ စခန်းကို KIA စစ်ဦးစီးချုပ်နှင့် NUG ကာကွယ်ရေးဝန်ကြီးတို့ သွားရောက် စစ်ဆေး

Must read

တိုက်ခိုက်သိမ်းပိုက်ရရှိထားသော စစ်ကောင်စီ၏ ဘွမ်ရေဘွမ့် ပွိုင့် ၇၇၁ စခန်းကို KIA စစ်ဦးစီးချုပ်နှင့် NUG ကာကွယ်ရေးဝန်ကြီးတို့ သွားရောက် စစ်ဆေး

ရန်ကုန်၊ မတ် ၂၀

ကချင်ပြည်နယ်တွင် KIA က တိုက်ခိုက်သိမ်းပိုက်ရရှိထားသော စစ်ကောင်စီ၏ ဘွမ်ရေဘွမ့် (Bumre Bum) ပွိုင့် ၇၇၁ စခန်းကို KIA စစ်ဦးစီးချုပ်နှင့် NUG အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးတို့ သွားရောက် စစ်ဆေးကြောင်း NUG က တရားဝင်သတင်းထုတ်ပြန်သည်။

NUG ကာကွယ်ရေး ဝန်ကြီး ဦးရည်မွန်သည် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) စစ်ဦးစီးချုပ် (အမှတ် ၁ စစ်ဒေသမှူး) ဒုဗိုလ်ချုပ်ကြီးခေါင်လွန်း နှင့်အတူ ကချင်ဒေသ စစ်ဆင်ရေးအတွင်း သိမ်းပိုက်ရရှိခဲ့သော ဘွမ်ရေဘွမ့် စခန်းကို ယနေ့ သွားရောက် ကြည့်ရှု့စစ်ဆေးခြင်းဖြစ်သည်။

ဘွမ်ရေဘွမ့် စခန်းသည် စစ်ကောင်စီ၏ ရှေ့တန်း အမှတ် ၂၁ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် ပွိုင့် ၇၇၁ မဆုတ်တမ်း အရေးကြီး ခံစစ်စခန်း ဖြစ်ပြီး မတ်လ ၁၅ ရက်နေ့တွင် ကချင်လွတ်လပ်ရေးတပ်မတော် -KIA ဦးဆောင်သော တော်လှန်ရေးအဖွဲ့ များက သိမ်းပိုက်ရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article