25 C
Yangon

နန်းမားဘူတာတွင် ၃ နှစ်ကျော်ကြာ ရပ်ထားသည့် ခရီးသည်တင် မီးရထားတွဲများ မီးလောင်ပျက်စီး

Must read

နန်းမားဘူတာတွင် ၃ နှစ်ကျော်ကြာ ရပ်ထားသည့် ခရီးသည်တင် မီးရထားတွဲများ မီးလောင်ပျက်စီး

ရန်ကုန်၊ မတ် ၂၁

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ မန္တလေး- မြစ်ကြီးနား မီးရထားလမ်း၊ နန်းမားဘူတာတွင် ၃ နှစ်ကျော်ကြာရပ်နားထားသည့် ခရီးသည်တင် မီးရထားတွဲများ မီးလောင်ပျက်စီးသွားကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

မတ်လ ၂၀ ရက်နေ့ ညနေ ၅ နာရီ ၄၅ မိနစ်အချိန်တွင် ရပ်နားထားသည့် ခရီးသည်တင် မီးရထားတွဲများ စတင်မီးလောင်ခဲ့ခြင်းဖြစ်ပြီး ၊ ပေါ့ဆမီးကြောင့် မီးလောင်ကျွမ်းရသည်ဟု ယူဆရကြောင်း ဒေသပြည်သူများက ပြောကြားသည်။

“မီးရထား တိုင်းအမှတ် ၁ နန်းမားဘူတာ ရထားမပြေးဆွဲဘဲရပ်ထားတာ။ ‌ရပ်ထားတဲ့ တွဲဆိုင်းတွေက ပေါ့ဆမီး လောင်တာလို့ပြောတယ်”ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

မီးရထားတွဲများ မီးလောင်မှုတွင် လူထိခိုက်သေဆုံးမှု မရှိကြောင်း ၊ မီးလောင်သွားသည့် မီးရထားတွဲသည် ဘူတာတွင် ရပ်နားထားသည်မှာ ၃ နှစ်ကျော်ပြီ ဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article