28 C
Yangon

စစ်မှုမထမ်းမနေရ ဥပဒေက ဆင့်ခေါ် သည့် အဆင့်သို့ ရောက်နေပြီး ဆုံး ဖြတ်ချက်ချရမည့်အချိန် ကျော်လွန်လျှင် ပြင်ဆင်မရသော ခရီးကြမ်း လျှောက်လှမ်းကြရမည်ဟု KIO ခေါင်းဆောင် ဒုဗိုလ်ချုပ်ကြီး ဂွန်မော်သတိပေး

Must read

စစ်မှုမထမ်းမနေရ ဥပဒေက ဆင့်ခေါ် သည့် အဆင့်သို့ ရောက်နေပြီး ဆုံး ဖြတ်ချက်ချရမည့်အချိန် ကျော်လွန်လျှင် ပြင်ဆင်မရသော ခရီးကြမ်း လျှောက်လှမ်းကြရမည်ဟု KIO ခေါင်းဆောင် ဒုဗိုလ်ချုပ်ကြီး ဂွန်မော်သတိပေး

ရန်ကုန်၊ မတ် ၂၁

အကြမ်းဖက်စစ်ကောင်စီက အတင်းအကျပ် လုပ် ဆောင်နေသည့် စစ်မှုမထမ်းမနေရ ဥပဒေသည် ဆင့်ခေါ်စာ ပေးပို့သည့် အဆင့်သို့ ရောက်ရှိနေပြီး ဆုံးဖြတ်ချက်ချရမည့်အချိန် ကျော်လွန်လျှင် ပြင် ဆင်မရနိုင်သော ခရီးကြမ်း လျှောက်လှမ်းကြရမည်ဟု KIO ခေါင်းဆောင်တစ်ဦးဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီးဂွန်မော်က သတိပေးပြောဆိုလိုက်သည်။

မတ်လ ၂၀ ရက်နေ့တွင် KIO ခေါင်းဆောင်တစ်ဦးဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော်က လူမှုကွန်ရက်မှတစ်ဆင့် “ဆုံးဖြတ်ချက် အမြန်ချရန် လိုအပ်” ဆိုသော ခေါင်းစဉ်ဖြင့် ပြည်သူများကို သတိပေးစာတစ်စောင် ထုတ်ပြန်ခဲ့သည်။

စစ်ကောင်စီ၏ စစ်မှုမထမ်းမနေရ ဥပဒေ ထုတ်ပြန်ထားသည်မှာ ရက်ပေါင်း ၄၀ ရှိပြီဖြစ်ကြောင်း၊ အိမ်အပြင် မထွက်ဘဲ နေနေလျှင် လုံခြုံမည်ဟု ယူဆသူ အများအပြားရှိသည်ဟု သုံးသပ်ရကြောင်း၊ ယခုဆိုလျှင် အိမ်တိုင် ရာရောက် ဆင့်ခေါ်စာ ပို့ပြီး ခေါ်ဆောင်သည့် အဆင့်သို့ ရောက်နေပြီဖြစ်ကြောင်း ပြည်သူသို့ သတိပေးစာတွင် ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော်က ပြောဆိုထားသည်။

စစ်မှုမထမ်းမနေရ ဥပဒေကြောင့် ဆုံးဖြတ်ချက် ချရမည့်အချိန် ကျော်လွန်သွားပါက ပြင်ဆင်ခွင့် မရနိုင်သော ခရီးကြမ်းတွင် လျှောက်လှမ်းကြရမည်ကို သတိပေးလိုကြောင်း ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော်က ပြည်သူများနှင့် လူငယ်များကို သတိပေးထားသည်။

အကြမ်းဖက်စစ်ကောင်စီက စစ်မှုမထမ်းမနေရ ဥပဒေကို ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် အသက်သွင်းခဲ့ပြီး လာမည့် သင်္ကြန်အပြီး မေလဆန်းပိုင်းမှစတင်၍ အကောင်အထည်ဖော်မည်ဖြစ်ကြောင်း တရားဝင် ထုတ်ပြန်ကြေညာထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article