39 C
Yangon

ရပ်ကွက်၊ကျေးရွာများတွင် စစ်မှုထမ်းရန် ရွေးချယ်ခံထားရသူများ ခရီးသွားလာမည်ဆိုပါက အကြောင်းကြားရမည်ဖြစ်ပြီး မကြာမီ ကျန်းမာရေးဆေးစစ်ရန် ခေါ်ယူမည်ဟု စစ်ကောင်စီက ပြောဆို

Must read

ရပ်ကွက်၊ကျေးရွာများတွင် စစ်မှုထမ်းရန် ရွေးချယ်ခံထားရသူများ ခရီးသွားလာမည်ဆိုပါက အကြောင်းကြားရမည်ဖြစ်ပြီး မကြာမီ ကျန်းမာရေးဆေးစစ်ရန် ခေါ်ယူမည်ဟု စစ်ကောင်စီက ပြောဆို

ရန်ကုန်၊ မတ် ၂၁

မြန်မာနိုင်ငံတစ်ဝန်း ရပ်ကွက်၊ကျေးရွာများတွင် စစ်မှုထမ်းရန် ရွေးချယ်ခံထားရသူများ ခရီးသွားလာမည်ဆိုပါက သက်ဆိုင်ရာသို့ အကြောင်းကြားရမည်ဖြစ်ပြီး မကြာမီ ကျန်းမာရေးဆေးစစ်ရန် ခေါ်ယူမည်ဟု စစ်ကောင်စီက ထုတ်ပြန်ပြောဆိုသည်။

စစ်ကောင်စီ့ ပြည်သူ့စစ်မှုထမ်းနည်းဥပဒေကို ရေးဆွဲထားပြီး နောက်ဆုံး အတည် ပြုနိုင်ရေး စိစစ်သုံးသပ်လျက်ရှိကြောင်း၊ လက်ရှိတွင် လုပ်ငန်းစဉ်များကို ကြိုတင်ဆောင်ရွက်ရသည်များကို ဆောင်ရွက်နေပြီး အထူးသဖြင့် သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာများအလိုက် အကျုံးဝင်သည့်စာရင်းများကို ကောက်ယူနေခြင်းဖြစ်ကြောင်း၊ ရပ်ကွက်နှင့်ကျေးရွာအလိုက် အကျုံးဝင်သူများကို စိစစ်ရွေးချယ်ပြီး မကြာမီ ကျန်းမာရေးဆေးစစ်ရန် ခေါ်ယူမည်ဖြစ်ကြောင်း စစ်တပ်က ပြောဆိုထားသည်။

ရပ်ကွက်နှင့်ကျေးရွာများတွင် စစ်မှုထမ်းရန် တစ်ခါတည်းသတ်မှတ်နေကြခြင်းသည် ဗဟိုက ခေါ်ယူလိုသည့် လူအင်အား အရေအတွက်နှင့်ကိုက်ညီနေစေရန် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း၊ ဗဟိုသို့ အကျုံးဝင်သည့် အင်အား တင်ပြပြီးပါက တင်ပြလာသူများသည် ပြည်သူ့စစ်မှုထမ်းဆောင်ရန် ရွေးချယ်ခံရနိုင်ခြေများကြောင်း စစ်ကောင်စီက ထုတ်ပြန်ပြောဆိုသည်။

ထို့ကြောင့် ရပ်ကွက်နှင့်ကျေးရွာများတွင် စစ်မှုထမ်းရန် တစ်ခါတည်း သတ်မှတ်ခံရသူများသည် ခရီးသွားလာခြင်းများရှိပါက သက်ဆိုင်ရာ ရပ်ကွက်နှင့်ကျေးရွာ တာဝန်ရှိသူများထံ အကြောင်းကြားအသိပေးရမည်ဖြစ်ကြောင်း စစ်ကောင်စီက ဆိုသည်။

ငွေကြးကောက်ခံမှုများမှာလည်း စစ်မှုထမ်းဆောင်ရန် ရွေးချယ်ခံရသူ၏ မိသားစုများအတွက် ရပ်ကွက်နှင့်ကျေးရွာအစီအစဉ်ဖြင့် ထောက်ပံ့ကြရန် စီစဉ်ခြင်းဖြစ်ကြောင်း၊ စစ်မှုထမ်းဆောင်မည့်သူ တာဝန်ထမ်းဆောင်နေချိန် နောက်ဆံမတင်းစေရန် ကျန်ခဲ့သည့် မိသားစု၏ လူမှုစီးပွားဘ၀များ အဆင်ပြေစေ ရေးအတွက် တတ်နိုင်သည့် ငွေကြေးများဖြင့် ထောက်ပံ့ရန် စီစဉ်နေကြခြင်းသာဖြစ်သည်ဟု စစ်ကောင်စီက ဆိုသည်။

စစ်မှုထမ်းရန် ခေါ်ယူမည့်အချိန်မှာ သင်္ကြန်အပြီး မေလအတွင်း တွင် ခေါ်ယူမည်ဖြစ်ကြောင်း စစ်ကောင်စီက ပြောဆိုထားသည်။

ဓာတ်ပုံ- စစ်တပ်၏ စုဆောင်းရေးတပ်များတွင် တပ်သားသစ်များကို ကျန်းမာ ရေးဆေးစစ်နေစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article