25 C
Yangon

မတ္တရာတွင် PDF ရဲဘော်တစ်ဦးနှင် ပြည်သူတစ်ဦးကို သတ်ဖြတ်ပြီး နေအိမ် ၁၄ လုံးကို မီးရှို့ခဲ့သည့် စစ်တပ်ကို မိုင်းဆွဲမှု စစ်သား ၅ ဦးသေဆုံးပြီး ကားတစ်စီးပျက်စီး

Must read

မတ္တရာတွင် PDF ရဲဘော်တစ်ဦးနှင် ပြည်သူတစ်ဦးကို သတ်ဖြတ်ပြီး နေအိမ် ၁၄ လုံးကို မီးရှို့ခဲ့သည့် စစ်တပ်ကို မိုင်းဆွဲမှု စစ်သား ၅ ဦးသေဆုံးပြီး ကားတစ်စီးပျက်စီး

ရန်ကုန်၊ မတ် ၂၁

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ PDF ရဲဘော်တစ်ဦးနှင့် ပြည်သူတစ်ဦးကို သတ်ဖြတ်ပြီး နေအိမ် ၁၄ လုံးကို မီးရှို့ခဲ့သည့် စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း ကောင်းကင်တော်လှန်ရေးအင်အားစု မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့မတ်လ ၂၀ ရက် နေ့ မတ္တရာမြို့နယ်၊ ကျောက်တံတားကျေးရွာမှ ညောင်ပင်သာကျေးရွာ ဘက်သို့ စစ်အင်အား ၆၀ ဦးဖြင့် စစ်ကြောင်းထိုးလာခဲ့ကြောင်း၊ ယင်းနောက် စစ်တပ်က တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးနှင့် သာမန်အရပ်သားပြည်သူတစ်ဦးတို့ကို ဖမ်းဆီးပြီး ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ကြောင်း၊ ထို့နောက် ရှားဈေးချက်ကြီးကျေးရွာ တောတိုက်ဘက်ရှိ ပြည်သူ့နေအိမ် ၁၄ လုံးနှင့် ဆိုင်ကယ် တစ်စီးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ထိုသို့ စစ်တပ်က ပြည်သူနှင့်ရဲဘော်များ ကို သတ်ဖြတ်ပြီးနောက် ညောင်ပင်သာကျေးရွာမြောက်ဘက်သို့ စစ်ကားဖြင့် ထပ်မံစစ်ကြောင်းထိုးလာခဲ့ကြောင်း၊ ထိုစစ်ကားကို ဆူးပုတ်တန်းအနီးအရောက် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ကု မိုင်းဆွဲတိုက် ခိုက်ခဲ့ကြောင်း၊ စစ်ကားမှာ လမ်းဘေးထိုးကျသွားပြီး ကားပေါ်ပါ စစ်သား ၅ ဦးသေဆုံး ကာ အများအပြား ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

“မိုင်းဆွဲပြီးတော့ ကားကတော့ လမ်းဘေးထိုးကျ ပျက်သွားတယ်။ မိုင်းဆွဲခံရတာနဲ့ စစ်တပ်က ရမ်းပစ်လို့ ပြည် သူတစ်ဦးလည်း စိုရိမ်ရဒဏ်ရာရထားတယ်။ ကားကမောင်း မရတော့တာနဲ့ စစ်ခွေးတွေက မီးရှို့ ထားခဲ့တယ်။ စစ်ခွေး ၅ ကောင်ကတော့ အတိအကျသေတယ်လို့ သိရတယ်။ ဒဏ်ရာရတာ တွေ လည်းများ တယ်။ ဘယ်လောက် အထိ ဒဏ်ရာရလဲတော့ အတိအကျတော့အတည်မပြုနိုင်ဘူး” ဟု ကောင်းကင်တော်လှန် ရေးအင်အားစု မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာန ထံသို့ ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုကို ကောင်းကင်တော်လှန်ရေးအင်အားစုတပ်ဖွဲ့၊ နတ်ဆိုးမြေ အောက် တော်လှန် ရေးတပ်ဖွဲ့နှင့် ဇာမဏီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပူး ပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article