25 C
Yangon

ပခုက္ကူမြို့နယ်ရှိ ကန်ပေါက်စုရွာနှင့် ဖလံအိုရွာကို စစ်တပ်က တနေကုန် မီးရှို့ဖျက်ဆီးမှု နေအိမ် အများအပြား မီးလောင် ပြာကျ

Must read

ပခုက္ကူမြို့နယ်ရှိ ကန်ပေါက်စုရွာနှင့် ဖလံအိုရွာကို စစ်တပ်က တနေကုန် မီးရှို့ဖျက်ဆီးမှု နေအိမ် အများအပြား မီးလောင် ပြာကျ

ရန်ကုန်၊ မတ် ၂၁

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်ရှိ ကန်ပေါက်စုရွာနှင့် ဖလံအိုရွာကို အကြမ်းဖက် စစ်တပ်က တနေကုန် မီးရှို့ဖျက်ဆီးခြင်းကြောင့် နေအိမ် အများအပြား မီးလောင် ပြာကျခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၂၀ ရက်နေ့ နံနက်ပိုင်းမှ စ၍ ကန်ပေါက်စုရွာနှင့် ဖလံအိုရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ပြီး ညပိုင်းအချိန်ထိ တနေကုန် မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါ ကျေးရွာ ၂ ရွာကို ရှင်မကန်ရွာ၊ ဇီးကုန်းရွာ၊ အောင်သာရွာ၊ မန်ကျည်းကန်ရွာမှ ပျူစောထီးများနှင့် အကြမ်းဖက် စစ်သားများက တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“မနက်ထဲကရှို့တာ ။ တစ်ညလုံး လောင်နေတာပါ။ ဖလံအိုဘုန်းကြီးကျောင်းမှာ စစ်ခွေးတွေ ပျူတွေက တပ်စွဲထားတာ။ ရွာမှာ လူမရှိဘူး။ ရှောင်နေကြတာ”ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

အကြမ်းဖက် စစ်တပ်နှင့် ပျူစောထီးများသည် ကန်ပေါက်စုရွာနှင့် ဖလံအိုရွာကို စစ်ကြောင်းထိုး ဝင်ရောက် စီးနင်းမှုများကြောင့် ကျေးရွာနေ ပြည်သူများသည် ရွာလုံးကျွတ် ထွက်ပြေး တိမ်းရှောင်နေရသည်မှာ ၁ လကျော်ရှိပြီဖြစ်ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article