25 C
Yangon

အောင်မြေသာစံမြို့နယ်ရှိ စစ်တပ်၏ လက်နက်ခဲယမ်း သိုလှောင်ရုံ ကင်းနားနေဆောင်ကို ၄၀ မမ ဖြင့် ပစ်ခတ် တိုက်ခိုက်၊ စစ်ကိုင်း-မုံရွာ လမ်းပိုင်းတွင် စစ်ယာဉ်တန်းကို ၂ ကြိမ် မိုင်းဆွဲ တိုက်ခိုက်

Must read

အောင်မြေသာစံမြို့နယ်ရှိ စစ်တပ်၏ လက်နက်ခဲယမ်း သိုလှောင်ရုံ ကင်းနားနေဆောင်ကို ၄၀ မမ ဖြင့် ပစ်ခတ် တိုက်ခိုက်၊ စစ်ကိုင်း-မုံရွာ လမ်းပိုင်းတွင် စစ်ယာဉ်တန်းကို ၂ ကြိမ် မိုင်းဆွဲ တိုက်ခိုက်

ရန်ကုန်၊ မတ် ၂၁

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ဒေါနဘွားရပ်ကွက်ရှိ အကြမ်းဖက် စစ်တပ်၏ လက်နက်ခဲယမ်း သိုလှောင်ရုံ ကင်းနားနေဆောင်ကို ၄၀ မမ ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း မန္တလေးခရိုင် အမှတ် ၆ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၁၈ ရက်နေ့ နံနက် ၇ နာရီခန့်တွင် အောင်မြေသာစံမြို့နယ်၊ ဒေါနဘွားရပ်ကွက်ရှိ အကြမ်းဖက် စစ်တပ်၏ လက်နက်ခဲယမ်း သိုလှောင်ရုံတွင် စစ်ကောင်စီ တပ်သား ကင်းနားနေဆောင် အတွင်းရှိနေစဉ် တော်လှန်ရေး တပ်ဖွဲ့များက ၄၀ မမ ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှု ဖြစ်ပွား ပြီးနောက် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက စစ်ကားများဖြင့် တပ်ဖြန့်၍ လုံခြုံရေး တိုးမြှင့်ကာ ဝေဟင်မှ ကင်းထောက်များဖြင့် လိုက်လံ ရှာဖွေခဲ့သော်လည်း တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

“စစ်ခွေး သေဆုံးမှုကတော့ မသိရသေးပါဘူး စုံစမ်းနေတုန်းပါပဲ။ ကျွန်တော်တို့ အခက်အခဲကြားကနေ ရုံးကန်နေရပါတယ်။ ရွှေပြည်စိုး ကမ်းပိန်းကလည်း ကျွန်တော်တို့ အတွက် မရပါဘူး။ မဟာမိတ်တွေဆီက အကူညီတောင်းပြီး တိုက်ပွဲ ဝင်နေရပါတယ်။ ကျွန်တော်တို့ တပ်ဖွဲ့မှာ အကြွေးတွေနဲ့ ပိနေတဲ့ကြားက ရုန်းကန်နေရပါတယ်။ ကမ်ပိန်းကလည်း ကျွန်တော်တို့ အားလုံး ပါဝင်ခဲ့ရပြီး ကျည်တစ်တောင့် တောင် မရခဲ့ပါဘူး” ဟု မန္တလေးခရိုင် အမှတ် ၆ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို မန္တလေးခရိုင် အမှတ် ၆ တပ်ရင်း၊ MMDF တပ်ဖွဲ့နှင့် CDSOM (မြောင်ပျောက်ကျားတပ်ဖွဲ့) တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း၊ လက်ရှိချိန်တွင် MOD က ထောက်ပံ့ စရိတ် ရပ်တန့် ထားသော်လည်း အကြမ်းဖက် စစ်ကောင်စီကို အမြစ်ပြတ် ချေမှုန်းသွားမည်ဖြစ်ပြီး ပြည်သူများအနေဖြင့် မန္တလေးခရိုင် အမှတ် ၆ တပ်ရင်း အတွက် စားနပ်ရိက္ခာနှင့် ခဲယမ်းကျည်များ လိုအပ်ချက်များ ပါဝင်ကူညီပေးပါရန် မေတ္တာရပ်ခံကြောင်း မန္တလေးခရိုင် အမှတ် ၆ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ဆက်လက်ပြောဆိုသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်နှင့် ချောင်းဦးမြို့နယ်ရှိ စစ်ကိုင်း – မုံရွာလမ်းပိုင်းတွင် စစ်ကိုင်းမြို့မှ မုံရွာ ဘက်ကို ထွက်ခွာလာသော ကား ၅ စီးပါ အကြမ်းဖက် စစ်တပ်၏ စစ်ယာဉ်တန်းကို ၂ ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း People’s Defence Force – South Monywa တပ်ဖွဲ့ထံမှ သိရသည်။

မတ်လ ၂၀ ရက်နေ့ ညနေ ၃ နာရီ မိနစ် ၂၀ အချိန်တွင် စစ်ကိုင်းမြို့ အမှတ် ၃၃ ခြေမြန်တပ်မဌာနချုပ်မှ ထွက်ခွာလာ သော Jammer ကား ၂ စီးနှင့် သံပြားကာ ကား ၃ စီးပါ ယာဉ်တန်းထဲမှ Jammer တပ်ဆင်ထား သည့် ကား ၂ စီးကို ရေပိုးစားကျေးရွာနှင့် နတ်ရေကန်ကျေးရွာ အကြားတွင် ပဒေသာမိုင်း ၅ လုံးဖြင့် မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ ကားကို တည့်တည့် ထိမှန်ပြီး ရေတိုင်ဂီများ ပေါက်ကွဲသွားကြောင်း သိရသည်။

ထို့ပြင် ညနေ ၆ နာရီခန့်တွင် အဆိုပါ ကား ၅ စီးအနက် Jammer တပ်ဆင်ထားသည့် ၂ စီးကို မုံရွာချောင်းဦးလမ်းပိုင်း တစ်နေရာ၌ ထန်းလုံးမိုင်း အကြီးဖြင့် ထပ်မံ မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်သားများ ထိခိုက်သေဆုံးမှု အခြေအနေကို ဆက်လက် စုံစမ်းနေဆဲဖြစ်ကြောင်း၊ အကြမ်းဖက် စစ်သားများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို People’s Defence Force – South Monywa တပ်ခွဲ ၂ ၊ Black Hunter People’s Task Force၊ တပ်ခွဲ ၃ ၊ တပ်စု ၂ Youth Vigor Revolution Force ၊ နွေဦးလူငယ်People’s Defence Force၊ ငါးထောင့်ကြယ်၊မြန်မာအစ္စလာမ်အထူးကွန်မန်ဒို နှင့် Myinmu Local Defence Force ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article