31 C
Yangon

ရွာငံတွင် စစ်ကြောင်းထိုးလာသော စစ်တပ်ကို တိုက်ခိုက်မှု စစ်သား ၂ ဦးသေ ဆုံး ၊ ရွှေဘိုတွင် စစ်တပ်စခန်းနှင့် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲ

Must read

ရွာငံတွင် စစ်ကြောင်းထိုးလာသော စစ်တပ်ကို တိုက်ခိုက်မှု စစ်သား ၂ ဦးသေ ဆုံး ၊ ရွှေဘိုတွင် စစ်တပ်စခန်းနှင့် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲ

ရန်ကုန်၊ မတ် ၂၃

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်၊ ရနဲကျေးရွာ၏ အနောက်တောင်ဘက်သို့ စစ်ကြောင်းထိုးလာသော အင် အား ၁၃၀ ခန့်ပါသော စစ်သားနှင့်ပျူစောထီးများကို တိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံးကြောင်း စစ်ဘက်ဆိုင်ရာ တော်လှန်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၁၅ ရက်နေ့ ည ၇ နာရီ ၁၈ မိနစ်အချိန် ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်၊ ရနဲကျေးရွာ ၏အနောက် တောင်ဘက်သို့ ဦးတည်စစ်ကြောင်းထိုးလာသော စစ်သားများနှင့်ပျူစောထီးများပါဝင်သည့် အင်အား ၁၃၀ ခန့်ပါသော စစ်ကြောင်းကို တော်လှန်ရေးတပ်များက တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ပွဲမှာ ၁၈ မိနစ်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ ၂ဦးသေဆုံးကြောင်း၊ စစ်တပ်ဘက်မှ ၁၅ ဦးထက်မနည်း အပြင်းထန် ဒဏ်ရာရရှိသွားသဖြင့် အဆိုပါစစ်ကြောင်းမှာ ပြန်လည် ဆုတ်ခွာသွားကြောင်း သိရှိရသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ဆိပ်ခွန်ရွာ စစ်တပ်အထိုင်စခန်းနှင့် ရိက္ခာပို့ စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း Eagle Guerilla Force တပ်ဖွဲ့မှ ဗိုလ်ကောက်ရိုးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ မတ်လ ၂၂ ရက် နံနက် ၁၀ နာရီအချိန် ရွှေဘိုမြို့လေ့ကျင့်ရေး ၈ တပ်မှ ဆိပ်ခွန် ကျေးရွာရှိ စစ်တပ်အထိုင်စခန်းသို့ ရိက္ခာပို့ရန် အင်အား ၇၀ ဝန်းကျင်ခန့်ဖြင့် ထွက်လာသော အကြမ်းဖက်စစ်ကြောင်းကို Fixed Wings Drone များဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ ထို့နောက် ဆိပ်ခွန်ရွာရှိ အကြမ်းဖက်စစ်တပ် အထိုင် စခန်းကို ထပ်မံပြီး Fixed Wings Drone အသုံးပြုကာ ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“ထိတွေ့တိုက်ပွဲလည်းဖြစ်သေးတယ်၊ ဒရုန်းနဲ့ ဗုံးချတာလည်း ပစ်မှတ်ကို ထိမှန်ခဲ့တယ်၊ ခွေးသေ ထိခိုက်မှုကတော့ မသိရသေးဘူး” ဟု Eagle Guerilla Force တပ်ဖွဲ့မှ ဗိုလ်ကောက်ရိုးက ရန်ကုန် ခေတ်သစ်သတင်း ဌာန ထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို ရွှေဘိုခရိုင် အမှတ် ၁၅ တပ်ရင်း Eagle Guerrilla Force ဗိုလ်ကောက်ရိုးအဖွဲ့၊ နယ်စည်းမခြားရွှေဘိုသား (Local pdf) အဖွဲ့၊ Warlord Defense Force B4 C2 တပ်ဖွဲ့၊ ရွှေဘိုသခင် ကြီး ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့နှင့် ကြောင်လက်သည်း (ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေး တပ် ဖွဲ့ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ- ရွာငံတိုက်ပွဲမှာ သိမ်းဆည်းရရှိသော အကြမ်းဖက်စစ်တပ်ဘက်မှ ကျန်ရစ်သော စစ်အသုံးအဆောင်တချို့။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article