25 C
Yangon

ပင်လောင်း၊ နမ့်တုတ်ကျေးရွာကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲမှုကြောင့် နေအိမ် ၅ လုံးနှင့် ကျေးလက်ဆေးပေးခန်း ပျက်စီး

Must read

ပင်လောင်း၊ နမ့်တုတ်ကျေးရွာကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲမှုကြောင့် နေအိမ် ၅ လုံးနှင့် ကျေးလက်ဆေးပေးခန်း ပျက်စီး

ရန်ကုန်၊ မတ် ၂၃

ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ်၊ အင်းလေးဒေသ၊ နမ့်တုတ်ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီ တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ နေအိမ် ၅ လုံးနှင့် ကျေးလက်ပေးခန်းပျက်စီးခဲ့ကြောင်း ဒေသနေပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ မတ်လ ၂၂ ရက် ည ၁၁ နာရီ ၅၂ မိနစ်တွင်တွင် တစ်ကြိမ်၊ ၁၁ နာရီ ၅၈ မိနစ်တွင် တစ်ကြိမ် အကြမ်းဖက်စစ်ကောင်စီတပ်က ပင်းလောင်းမြို့နယ်၊ အင်းလေးဒေသရှိ နမ့်တုတ်ကျေးရွာကို အ ကြမ်းဖက် စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကျဲချခဲ့ရာ နေအိမ် ၅ လုံးနှင့် ကျေးလက်ဆေးပေး ခန်း ထိခိုက်ပျက်စီးသွားကြောင်း သိရသည်။

“တိုက်ပွဲမဖြစ်ဘဲ အကြောင်းမဲ့ ဗုံးကျဲခဲ့တာ၊ လူတော့ ထိခိုက်မှုမရှိဘူး၊ စစ်တပ်က လက်နက်ကြီးနဲ့ မကြာခဏပစ်ခတ်နေလို့ လူတွေက ရှောင်နေကြရတာ၊ လေယာဉ်နဲ့ ဗုံးကျဲတာတော့ ဒါပထမဆုံး အကြိမ်ပါ” ဒေသနေပြည်သူတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။

PNLA ကလည်း စစ်ကောင်စီကယမန်နေ့ညတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ပင်လောင်းမြိုနယ် နန်းတုတ်ကျေးရွာကို ဂျက်ဖိုက်တာဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ ယမန်နေ့ည ၁၂ နာရီအချိန်တွင် စစ်ကောင်စီက နန်းတုတ်ကျေးရွာကို ဂျက်ဖိုက်တာဖြင့် ၂ ကြိမ်တိုင်တိုင် ဗုံးကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊နန်းတုတ်ကျေးရွာရှိ နေအိမ် ၅ လုံးနှင့် ဆေးခန်း ၁ လုံးထိခိုက်ပျက်စီးခဲ့ရကြောင်း သတင်းထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီတပ်က ဗုံးကျဲတိုက်ခိုက်ခဲ့သည့် နမ့်တုတ်ကျေးရွာသည် အင်းလေးဒေသနှင့် ဖယ်ခုံမြို့နယ်အစပ်၊ ဘီလူးချောင်း အရှေ့ဘက်၌ တည်ရှိပြီး ပင်လောင်းမြို့နယ်အတွင်းပါဝင် သော် လည်း အင်းလူမျိုးအများစု နေထိုင်သည့် ကျေးရွာ တစ်ရွာဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article