25 C
Yangon

မြေပုံမြို့နယ်၊ ညောင်ကန်ကျေးရွာကို စစ်တပ်က ဂျက်တိုက်လေယာဉ် ၂ စီးဖြင့် ဗုံးကျဲမှု ကိုရင်နှင့် ရဟန်းများအပါအဝင် ၁၀ ဦးကျော်ဒဏ်ရာရ

Must read

မြေပုံမြို့နယ်၊ ညောင်ကန်ကျေးရွာကို စစ်တပ်က ဂျက်တိုက်လေယာဉ် ၂ စီးဖြင့် ဗုံးကျဲမှု ကိုရင်နှင့် ရဟန်းများအပါအဝင် ၁၀ ဦးကျော်ဒဏ်ရာရ

ရန်ကုန်| မတ် ၂၃

တိုက်ပွဲ ဖြစ်ပွားခြင်း တစ်စုံတစ်ရာမရှိဘဲ စစ်ကောင်စီက မြေပုံမြို့နယ်က ညောင်ကန်ကျေးရွာကို ဂျက်တိုက်လေယာဉ် နှစ်စီးဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် ကျေးရွာအတွင်း ဘာသာရေးအဆောက်အဦးနှင့် နေအိမ်တချို့ ပျက်စီးခဲ့သည်။

စစ်ကောင်စီက ဂျက်တိုက်လေယာဉ်နှစ်စီးဖြင့် မတ်လ ၂၂ ရက်နေ့ နံနက် ၁၀ နာရီခန့်က စ၍ ညနေ ၅ နာရီခန့်အထိ တိုက်ပွဲတစ်စုံတစ်ရာ ဖြစ်ပွားခြင်းမရှိဘဲ လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ညောင်ကန် ကျေးရွာသားများက ပြောသည်။

ယင်းကဲ့သို့ စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိ လေကြောင်းဖြင့် တိုက်ခိုက်မှုကြောင့် ရဟန်းတစ်ပါး၊ ကိုရင်တစ်ပါး အပါအဝင် လူ ၁၀ ဦးကျော် ဒဏ်ရာရသွားခဲ့ပြီး အဆောက်အဦးများ နေအိမ်များ ပျက်စီးသွားကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီက ယင်းကဲ့သို့ ဂျက်တိုက်လေယာဉ်နှစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ညောင်ကန်ရွာတွင် ဗုံး ၆ လုံး၊ တောင်ပေါက်ရွာနားတွင် အဆိုပါ ကျေးရွာအနီးအနားတွင် ၄ လုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article