25 C
Yangon

ဘော်လခဲမှ ဖားဆောင်းကို စစ်ကူလာသည့် စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်မှု စစ်သား ၁၆ ဦးသေဆုံး

Must read

ဘော်လခဲမှ ဖားဆောင်းကို စစ်ကူလာသည့် စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်မှု စစ်သား ၁၆ ဦးသေဆုံး

ရန်ကုန်၊ မတ် ၂၃

ကရင်နီပြည်နယ်၊ ဘော်လခဲမြို့မှ ဖားဆောင်းမြို့သို့ စစ်ကူလာသည့် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၆ ဦးသေဆုံးခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနထံမှ သိရသည်။

မတ်လ ၂၀ ရက် နေ့က ဘော်လခဲမြို့နယ်၊ ထူးချောင်းတပ်စခန်းမှ ဖားဆောင်းမြို့သို့ စစ်ကူပေးရန် လာသည့် စစ်ကောင်စီ စစ်ကြောင်းကို ဖားဆောင်းမြို့နယ်၊ ပါပုရွာအဝင် ပါပုသစ်ဆိပ်အနီးအရောက် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်တိုက်ပွဲ ၇ နာရီကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်မှ ကြောင်းပစ်ကူအပြင် ဒရုန်းများဖြင့်ပါ ပြန်လည် တိုက်ခိုက်မှုရှိခဲ့ကြောင်း သိရသည်။

ယင်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁၆ ဦးသေဆုံးကာ ဗျူဟာမှူးအပါအဝင် ၁၅ ဦးထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့အပြင် အကြမ်းဖက်စစ် ကောင်စီတပ်သား ၁ ဦးအရှင်ဖမ်းမိခဲ့ပြီး လက်နက် မျိုးစုံ ၅ လက်နှင့် ခဲယမ်းမီးကျောက်များ သိမ်း ဆည်းရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို KA၊ KNDF၊ ကလလတ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ကယား(ကရင်နီ) တိုင်းစစ်ဌာန PDF တပ်ရင်းများ အပါအဝင် ပြည်သူ့တော်လှန်ရေးတပ်များက ပူးပေါင်းကာ တိုက် ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article