25 C
Yangon

မြောင်မြို့နယ်၊ ကျောက်ရစ်အရှေ့ရွာ သုဿန်၌ မိုင်းမိသေဆုံးသွားသော ပျူစောထီး နာရေး ပြုလုပ် နေစဉ် ဗုံးကျဲတိုက်ခိုက်၊ ရွာငံမြို့နယ်တွင် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၆ ဦးသေဆုံး

Must read

မြောင်မြို့နယ်၊ ကျောက်ရစ်အရှေ့ရွာ သုဿန်၌ မိုင်းမိသေဆုံးသွားသော ပျူစောထီး နာရေး ပြုလုပ် နေစဉ် ဗုံးကျဲတိုက်ခိုက်၊ ရွာငံမြို့နယ်တွင် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၆ ဦးသေဆုံး

ရန်ကုန်၊ မတ် ၂၃

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ကျောက်ရစ်အရှေ့ရွာ သုဿန်၌ မိုင်းမိသေဆုံးသွားသော ပျူစောထီး တစ်ဦး၏ နာရေးပြုလုပ်နေစဉ် ကင်းပုန်းဝပ်နေသော စစ်ကောင်စီတပ်သားများကို ဗုံးကျဲတိုက်ခိုက်ခဲ့ ရာ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း စစ်ကိုင်းခရိုင် အမှတ် ၄ တပ်ရင်း – MSPDF တပ်ဖွဲ့မှ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ လွင်ဂူးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

မတ်လ ၂၁ ရက်နေ့ နံနက် ၁၀ နာရီခန့်က မြောင်မြို့နယ်၊ ကျောက်ရစ်အရှေ့ရွာ သုဿန်၌ မိုင်းမိ သေဆုံးသွားသော ပျူစောထီး တစ်ဦး၏ နာရေးကို ကင်းပုန်းယူပေးနေသည့် စစ်ကောင်စီတပ်သား များကို “Shar Htoo WAW” နည်းပညာ တိုက်ခိုက်ရေး Fixed Wings Drone များဖြင့် AIR BOMB ၄ လုံး ကျဲချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း သိရသည်။

“၂၀ ရက်နေ့က ကျောက်ရစ်စခန်းကနေ ရွာပြင်ကို စစ်ကောင်းနဲ့ ထွက်လာတာ၊ အဲဒီမှာ ပျူတစ် ကောင်က တိုက်မိုင်း မိပြီး သေတာ၊ ကျန်တဲ့ခွေးတွေတော့ မသေဘူး၊ အဲဒီတစ်ကောင်ပဲ သေတာ၊ အဲဒီသေသွားတဲ့ ပျူစောထီးနာရေးကို ကင်းပုန်းဝပ်နေတဲ့ စစ်ခွေးတွေကို ဗုံးချခဲ့တာပါ။ ထိခိုက် သေဆုံးမှုရှိနိုင်ပေမယ့် စုံစမ်းလို့မရသေးဘူး” ဟု စစ်ကိုင်းခရိုင် အမှတ် ၄ တပ်ရင်း – MSPDF တပ်ဖွဲ့မှ သတင်းနှင့် ပြန်ကြား ရေး တာဝန်ခံ လွင်ဂူးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို စစ်ကိုင်းခရိုင်အမှတ် ၄ တပ်ရင်း-MSPDF/MSDF မြင်းခြံခရိုင် အမှတ် ၈ တပ် ရင်း-NRDF ၊ မုံရွာခရိုင်အမှတ် ၁၂ တပ်ရင်း-တပ်ခွဲ ၂ နှင့် မိတ္ထီလာခရိုင်အမှတ် ၃ တပ်ရင်းတို့ ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်၊ ရနဲကျေးရွာဘက်သို့ ထွက်ခွာလာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၆ ဦးသေဆုံးခဲ့ကြောင်း တော်လှန်ရေးသတင်း ရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

မတ်လ ၁၇ ရက် ညနေ ၅ နာရီ မိနစ် ၃၀ အချိန်ခန့်က ရွာငံမြို့နယ်၊ ရနဲကျေးရွာ၏ အနောက်ဘက်သို့ ဆက်လက် စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်သားများကို တော်လှန်ရေးတပ်ဖွဲ့များက ပစ် ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၆ ဦးသေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရရှိကာ ရနဲကျေးရွာ အ တွင်းသို့ ပြန်ဆုတ်သွားကြောင်း သိရသည်။

“ရွာငံမြို့နယ် ရနဲကျေးရွာရဲ့ အနောက်ဘက်ကို ဆက်ပြီးစစ်ကြောင်းထိုးလာတဲ့ စစ်ကြောင်းနဲ့ ထိ တွေ့တိုက်ပွဲဖြစ်ခဲ့ပါတယ်။ အဲဒီတိုက်ပွဲမှာတော့ စကစ ဘက်က ၆ ဦးသေဆုံးပြီး ၂၀ ဦးထက်မနည်း အပြင်းထန်ဒဏ်ရာရရှိသွားပြီးတော့ ရနဲကျေးရွာဘက်သို့ ပြန်လည်ဆုတ်ခွာသွားပါတယ်။” ဟု တော် လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article