25 C
Yangon

ရေဖြူမြို့နယ်၊ မင်းသားရွာရှိ စစ်စခန်းကို တော်လှန်ရေး တပ်ဖွဲ့များက တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီး စစ်တပ်ဘက်မှ ၁၀ ဦးကျော် သေဆုံးကာ စခန်းကို မီးရှို့ရှင်းလင်း၊ မလွဲတောင်ဂိတ်ကိုလည်း ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

Must read

ရေဖြူမြို့နယ်၊ မင်းသားရွာရှိ စစ်စခန်းကို တော်လှန်ရေး တပ်ဖွဲ့များက တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီး စစ်တပ်ဘက်မှ ၁၀ ဦးကျော် သေဆုံးကာ စခန်းကို မီးရှို့ရှင်းလင်း၊ မလွဲတောင်ဂိတ်ကိုလည်း ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

ရန်ကုန်၊ မတ် ၂၃

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ မင်းသားရွာရှိ စစ်စခန်းကို တော်လှန်ရေး တပ်ဖွဲ့များက တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ၁၀ ဦးကျော် သေဆုံးကာ စခန်းကို မီးရှို့ရှင်းလင်းခဲ့ကြောင်း ဒေါနစစ်ကြောင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၂၃ ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် ဗျူဟာ ၃၃ စစ်ဆင်ရေး နယ်မြေအတွင်းရှိ အကြမ်းဖက် စစ်တပ်၏ မင်းသားရွာ စစ်ခန်းကို ဒေါနစစ်ကြောင်းနှင့် ပူးပေါင်းမဟာမိတ်များ တပ်ပေါင်းစုက ဝင်ရောက် တိုက်ခိုက် သိမ်းပိုက်ခဲ့ကြောင်း သိရသည်။

မင်းသားရွာရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ပြည်သူများကို စစ်မှုထမ်းရန် အတင်းအဓမ္မ လူသစ်စုဆောင်းခြင်းများ လုပ်ဆောင်နေသည့် အတွက် တော်လှန်ရေး တပ်ဖွဲ့များက အဆိုပါ စခန်းကို ဝင်ရောက် သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းစခန်းတွင် လက်နက်ကိုင်ထားသူ ၃၀ ခန့်ရှိပြီး စစ်ကောင်စီ တပ်သား ၁၅ ဦး အရံတပ်သား ၂၀ ဦး စုစုပေါင်း ၇၀ ဦးခန့်ဖြင့် တပ်စွဲထားခြင်း ဖြစ်ကြောင်း သိရှိရသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်သား ၁၀ ဦးကျော်သေဆုံးခဲ့ပြီး ယင်းစခန်းကို တော်လှန်ရေး တပ်ဖွဲ့များက တိုက်ခိုက် သိမ်းပိုက်ပြီးနောက် မီးရှို့ရှင်းလင်းခဲ့ကြောင်း၊ အဆိုပါ တိုက်ပွဲအတွင်း တော်လှန်ရေး ရဲဘော် ၁ ဦး ကျဆုံးပြီး ၂ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အလားတူ မွန်ပြည်နယ်၊ ရေး-ထားဝယ် အမှတ် ၈ ပြည်ထောင်စု လမ်းမပေါ်ရှိ မလွဲတောင် အကြမ်းဖက် စစ်တပ် စစ်ဆေးရေးဂိတ်ကိုလည်း တော်လှန်ရေး ပူးပေါင်းတပ်များက ယနေ့ နံနက်ပိုင်းတွင် မင်းသားရွာ စခန်းသိမ်း တိုက်ပွဲ ဆင်နွှဲနေသည်နှင့် တစ်ပြိုင်တည်း ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ တော်လှန်ရေး တပ်ဖွဲ့များ ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှုကြောင့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိပြီး မလွှဲတောင်ဂိတ်ရှိ စစ်ကောင်စီ တပ်သားများက ဂိတ်ကို ပိတ်၍ ထွက်ပြေးခဲ့သွားကြောင်း သိရှိရသည်။

တရားဝင်ခြင်းမရှိသည့် စစ်မှုထမ်းဥပဒေနှင့် ပတ်သက်ပြီး ဒေါနစစ်ကြောင်းအနေဖြင့် မတ်လ ၂၁ ရက်နေ့တွင် ထုတ်ပြန်ကြေညာချက်များ ကြေညာပြီးဖြစ်ကြောင်း၊ မင်းသားရွာတွင် နေထိုင်နေသော ပျူများနှင့် စစ်ကောင်စီ တပ်သားများသည် ပတ်ဝန်းကျင်ရွာများဖြစ်သည့် သုံးဆူရွာ၊ စိန်ပုံရွာတို့တွင် စစ်မှုထမ်းရန်အတွက် တစ်ရွာဝင်တစ်ရွာထွက် လက်နက်နှင့် အတင်းအကျပ်ဖိအားပေးမှုများ လုပ်ဆောင်နေခဲ့ပြီး ပြည်သူလူထုကိုလည်း ခြိမ်းခြောက် ငွေညစ်တောင်းခံနေသည့်သတင်းများ ရရှိထားကြောင်း ဒေါနစစ်ကြောင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ စခန်းသိမ်း တိုက်ပွဲကို ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒေါနစစ်ကြောင်းနှင့် ရေးပြောက်ကျားတပ် YGFဒေါနတပ်ခွဲ(၃)၊ ကံပေါက်ဒေသပြည်သူ့ကာကွယ်ရေးအဖွဲ့ KBDF ဒေါနတပ်ခွဲ(၄)၊ ဝေဟင် ဒေါနတပ်ခွဲ(၆)၊ DDTတပ်ခွဲ ဒေါနတပ်ခွဲ(၇)၊ ရေးသိမ်းငှက် (ဒေါနစစ်ကြောင်း)၊ YDF(ဒေါနစစ်ကြောင်း)၊မဟာမိတ်တပ်များဖြစ်သည့် မွန်ပြည်တော်လှန်ရေးတပ် MSRF၊ ABSDF ကျောင်းသားတပ်မတော် တပ်ရင်း(၁)၊YAF ၊ ထားဝယ်ခရိုင် တပ်ရင်း(၁) တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article