25 C
Yangon

ဆားလင်းကြီးမြို့မရဲစခန်းမှ ကင်းပတ်ရန်ထွက်လာသော စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၅ ဦး သေဆုံး

Must read

ဆားလင်းကြီးမြို့မရဲစခန်းမှ ကင်းပတ်ရန်ထွက်လာသော စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၅ ဦး သေဆုံး

ရန်ကုန်၊ မတ် ၂၃

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့မရဲစခန်းမှ ကင်းပတ်ရန် ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၅ ဦးသေဆုံးခဲ့ကြောင်း ယင်းမာပင်ခရိုင် အမှတ် ၂၈ တပ်ရင်း စစ်ရေး တာဝန်ခံ ဗိုလ်ထွဋ်ခေါင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ မတ်လ ၂၃ ရက် နံနက် ၆ နာရီခန့်က ဆားလင်းကြီးမြို့မရဲစခန်းမှ ဆားလင်းကြီးမြို့အထွက်ရှိ စက်မှုသစ် အထည်ချုပ် စက်ရုံဘက်သို့ အင်အား ၅၀ ခန့်ဖြင့် ကင်းပတ်ထွက် လာသောစစ်ကြောင်းကို ပဒေသာမိုင်း ၁၀ လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၅ ဦးသေဆုံးပြီး ၁၀ ဦးကျော် အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ယင်းမာပင်ခရိုင်တပ်ရင်း ၂၈ ၊ ယင်းမာပင်ခရိုင် တပ်ရင်း ၁၄ ၊ ယင်းမာပင် ခရိုင် တပ်ရင်း ၁၅ ၊ ယင်းမာပင်ခရိုင် တပ်ရင်း ၁၆ နှင့် ဆားလာင်းကြီးမြို့နယ္ ပလဖ အဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article