30.5 C
Yangon

ဟားခါးရဲစခန်းကို CDF-Hakha တပ်ဖွဲ့က ဝင်ရောက် တိုက်ခိုက်မှု ရဲတစ်ဦးသေဆုံး

Must read

ဟားခါးရဲစခန်းကို CDF-Hakha တပ်ဖွဲ့က ဝင်ရောက် တိုက်ခိုက်မှု ရဲတစ်ဦးသေဆုံး

ရန်ကုန်၊ မတ် ၂၄

ချင်းပြည်နယ်၊ဟားခါးမြို့ပေါ် ရဲစခန်းဝန်းထဲက စာသင်ကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို မတ်လ ၂၃ ရက်နေ့ နေ့လယ်ပိုင်းက CDF Hakha တိုက်ခိုက်ခဲ့ရာ ရဲတစ်ဦးသေဆုံးခဲ့တယ်လို့ CDF-Hakha က သတင်း ထုတ်ပြန်ပါတယ်။

မတ်လ ၂၀ ရက်နေ့ကလည်း ဟားခါးမြို့ အဆိုပါ ရဲစခန်းဝန်းထဲ စာသင် ကျောင်းမှာတပ်စွဲထားတဲ့ စစ်ကောင် စီတပ်ဖွဲ့ဝင်တွေကို CDF-Hakha က သွားရောက်တိုက်ခိုက်ခဲ့ရာမှာ ရဲ ၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။

ဟားခါးမြို့ပေါ်က စစ်ကောင်စီအဖွဲ့ဝင်တွေကို CDF-Hakha က မကြာမကြာတိုက်ခိုက်မှု ပြုလုပ်နေတာဖြစ်ပါတယ်။ တိုက်ခိုက်မှုတွေအတွင်း စစ်ကောင်စီအဖွဲ့ဝင်တွေထိခိုက်သေဆုံးမှုရှိသလို အရှင်ဖမ်းဆီးရမိတာတွေလည်းရှိတယ်လို့သိရပါတယ်။

မတ်လ ၂၂ ရက်နေ့မှာလည်း ဟားခါးမြို့၊ မြို့သစ်ရပ်ကွက်ရှိ အင်းဝဘဏ်စောင့် ရဲတပ်ဖွဲ့ဝင်တွေကို သွား ရောက်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။

မတ်လ ၆ ရက်နေ့က ဟားခါးမြို့ န.တ.လ ကျောင်းမှာ လုံခြုံရေးယူနေတဲ့ နှစ်ပွင့်ဗိုလ်တစ်ဦးအပါအဝင် ရဲတပ်သား ၅ ဦးကို လက်နက်နဲ့အတူအရှင်ဖမ်းမိခဲ့သလို မတ် ၉ ရက်နေ့နှင့် ၁၃ ရက်နေ့မှာလည်း စစ်ကောင်စီထောက်လှမ်းရေးနှစ်ဦးကိုအရှင်ဖမ်းမိခဲ့တယ်လို့သိရပါတယ်။

ဓာတ်ပုံ- စစ်ကောင်စီတပ်ဖွဲ့ဝင် ရဲတချို့။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article