25 C
Yangon

ကန့်ဘလူခရိုင်တွင် ၂၀၂၃ ခုနှစ်အတွင်း အကြမ်းဖက် စစ်တပ်၏ စစ်ကြောင်းထိုး ဖျက်ဆီး သတ်ဖြတ်မှု၊ လေကြောင်း တိုက်ခိုက်မှုကြောင့် ပြည်သူ ၁၈၅ ဦးသေဆုံးခဲ့ပြီး နေအိမ် ၂၀၀၀ ခန့်ပျက်စီး

Must read

ကန့်ဘလူခရိုင်တွင် ၂၀၂၃ ခုနှစ်အတွင်း အကြမ်းဖက် စစ်တပ်၏ စစ်ကြောင်းထိုး ဖျက်ဆီး သတ်ဖြတ်မှု၊ လေကြောင်း တိုက်ခိုက်မှုကြောင့် ပြည်သူ ၁၈၅ ဦးသေဆုံးခဲ့ပြီး နေအိမ် ၂၀၀၀ ခန့်ပျက်စီး

ရန်ကုန်၊ မတ် ၂၄

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်တွင် ၂၀၂၃ ခုနှစ်အတွင်း အကြမ်းဖက် စစ်တပ်၏ စစ်ကြောင်းထိုး ဖျက်ဆီး သတ်ဖြတ်မှု၊ လေကြောင်း တိုက်ခိုက်မှုကြောင့် ပြည်သူ ၁၈၅ ဦးသေဆုံးခဲ့ပြီး နေအိမ် ၂၀၀၀ ခန့်ပျက်စီးခဲ့ကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ထံမှ သိရသည်။

၂၀၂၃ ခုနှစ် အတွင်း အကြမ်းဖက် စစ်တပ်က ကန့်ဘလူခရိုင်ရှိ ကျေးရွာများကို စစ်ကြောင်းထိုး သတ်ဖြတ်မှု၊ လေကြောင်းတိုက်ခိုက်မှု၊ စစ်ဘေးတိမ်းရှောင်ရင်း မြွေကိုက်ခံရမှုကြောင့် ပြည်သူ ၁၈၅ ဦး သေဆုံးခဲ့ပြီး နေအိမ် ၂၀၀၀ ခန့်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ကန့်ဘလူခရိုင်အတွင်းရှိ ကျေးရွာတွေကို အကြမ်းဖက် စစ်တပ်နှင့် ၎င်းတို့၏ လက်အောက်ခံ ပျူစောထီးများက စစ်ကြောင်းထိုးပြီး ပြည်သူများကို ဖမ်းဆီး သတ်ဖြတ်ခြင်းနှင့် လေကြောင်း တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁၇၇ ဦးသေဆုံးခဲ့ပြီး စစ်ဘေးတိမ်းရှောင်ရင်း မြွေကိုက်ခံရတာကြောင့် ပြည်သူ ၈ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှု ဖြစ်စဉ်အတွင်း ပဇီကြီးကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ပြည်သူ ၁၅၇ ဦးသေဆုံးခဲ့ရပြီး အသက်မပြည့်သေးသည့် ကလေးငယ် ၂၇ ဦးအထိ ပါ၀င်ခဲ့ကြောင်း၊ ထို့ပြင် အကြမ်းဖက် စစ်ကောင်စီ၏ စစ်ကြောင်းထိုး ၀င်ရောက်မှုကြောင့် စစ်ဘေးတိမ်းရှောင်ရင်း မြွေကိုက်ခံရသူ ၉၂ ဦးအထိရှိခဲ့ပြီး အမျိုးသား ၇ ဦးနှင့် အမျိုးသမီး ၁ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ကန့်ဘလူခရိုင်အတွင်း အကြမ်းဖက် စစ်တပ်နှင့် ပျူစောထီးများ၏ စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးမှုနှင့် လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ် ၁၉၆၂ လုံးအထိ မီးလောင်ပျက်စီးခဲ့ရပြီး စာသင်ကျောင်းဆောင်၊ ဆေးပေးခန်းနှင့် ဘာသာရေးအဆောက်အဦးများလည်း ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် ဇီးကုန်းတိုက်နယ်အတွင်းက နေအိမ် ၆၂၃ လုံး၊ မလည်တိုက်နယ်က နေအိမ် ၃၈၂ လုံး၊ ကျွန်းလှမြို့နယ်အတွင်းက နေအိမ် ၂၉၄ လုံး၊ ထန်းကုန်းတိုက်နယ်အတွင်းက နေအိမ် ၂၈၀ လုံး၊ ပင့်သာနှင့် ကိုထောင်ဘို့တိုက်နယ်အတွင်းက နေအိမ် ၁၀၀ ကျော်နှင့် ချပ်သင်းရွာက နေအိမ် ၆၈ လုံး၊ ကာဘိုးရွာက နေအိမ် ၂၀ လုံး၊ ကန့်ဘလူမြို့နယ်အတွင်းက နေအိမ် ၉ လုံး မီးလောင် ဆုံးရှုံးခဲ့ကြောင်း၊ ကန့်ဘလူခရိုင်အတွင်းရှိ ကျေးရွာများမှ ပြည်သူများ၏ လယ်ယာသုံး စက်ပစ္စည်းများနှင့် ဆိုင်ကယ်၊ ကားများကိုလည်း အကြမ်းဖက် စစ်တပ်နှင့် ပျူစောထီးများက မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article