26 C
Yangon

မတ္တရာနှင့် ကျောက်ပန်းတောင်းတွင် စစ်မှုထမ်းရန် စာရင်းကောက်ခံနေသည့် အုပ်ချုပ်ရေးမှူး ၂ ဦး ပစ်ခတ်ခံရပြီး ၂ ဦးလုံး သေဆုံး၊ သေနတ် ၁ လက် သိမ်းဆည်းရရှိ

Must read

ရန်ကုန်၊ မတ် ၂၅

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင် စစ်မှုထမ်းရန် စာရင်းကောက်ခံနေသည့် လက်နက်ကိုင် အုပ်ချုပ်ရေးမှူး ၁ ဦးကို ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း ကောင်းကင်တော်လှန်ရေး အင်အားစု – The Sky Force မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၂၃ ရက်နေ့တွင် မတ္တရာမြို့နယ်၊ ဟန်လင်းကျေးရွာရှိ အကြမ်းဖက် စစ်တပ်ခန့် လက်နက်ကိုင် အုပ်ချုပ်ရေးမှူး အောင်ကိုကို ကို တော်လှန်ရေး ရဲဘော်များက ပစ်ခတ် တိုက်ခိုက်ခဲ့ရာ သေဆုံးခဲ့ပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

သေဆုံးသွားသော အုပ်ချုပ်ရေးမှူး အောင်ကိုကို ကိုသည် ပျူစောထီး ခေါင်းဆောင် တစ်ဦးဖြစ်ပြီး ပြည်သူများကို အကြောင်းမဲ့ရိုက်နှက် ညှင်းပန်းနှိပ်စက်ခြင်း၊ လက်နက်ပြ ငွေကြေးကောက်ခံခြင်းနှင့် အကြမ်းဖက် စစ်တပ်အတွက် စစ်မှုထမ်းရန် စာရင်း ကောက်ခံခြင်းများ ပြုလုပ်နေသူ ဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ကောင်းကင်တော်လှန်ရေး အင်အားစုတပ်ဖွဲ့၊ ပြင်ဦးလွင်ခရိုင် (ပကဖ)၊ မတ္တရာမြို့နယ် (ပကဖ) တိုက်နယ် ၂ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

မတ္တရာမြို့နယ်အတွင်းရှိ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများ အနေဖြင့် စစ်မှုထမ်းရန် စာရင်းကောက်ခံခြင်း၊ ပြည်သူအပေါ် ညှင်းပန်းနှိပ်စက်ခြင်းများ ပြုလုပ်ပါက ဆက်လက် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ကောင်းကင်တော်လှန်ရေး အင်အားစု – The Sky Force မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်တွင် စစ်မှုထမ်း ဥပဒေကို အကောင်အထည်ဖော် ဆောင်ရွက်နေသည့် သပြေကိုင်းကျေးရွာ အုပ်ချုပ်ရေးမှူး တင်စိန် ပစ်ခတ် ခံရပြီး သေဆုံးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၂၃ ရက်နေ့ ည ၁၀ နာရီခန့်တွင် ကျောက်ပန်းတောင်းမြို့နယ်၊ သပြေကိုင်း ကျေးရွာ အုပ်ချုပ်ရေးမှူးကို အမည်မသိ သေနတ်သမားများက ပစ်ခတ် တိုက်ခိုက်ရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #လက်နက်ကိုင် အုပ်ချုပ်ရေးမှူး #ရန်ကုန်ခေတ်သစ်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article