38 C
Yangon

ကော့ကရိတ်မြို့နယ်၊ ကော့ဘိန်းနယ်မြေရဲစခန်း သိမ်းပိုက်ရရှိမှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးပြီး ၂၃ ဦး လက်နက်ချ အညံ့ခံ၊ လက်နက် ၂၇ လက်နှင့် ခဲယမ်းအများအပြား သိမ်းဆည်းရရှိ

Must read

ကော့ကရိတ်မြို့နယ်၊ ကော့ဘိန်းနယ်မြေရဲစခန်း သိမ်းပိုက်ရရှိမှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးပြီး ၂၃ ဦး လက်နက်ချ အညံ့ခံ၊ လက်နက် ၂၇ လက်နှင့် ခဲယမ်းအများအပြား သိမ်းဆည်းရရှိ

ရန်ကုန်၊ မတ် ၂၅

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကော့ဘိန်းနယ်မြေရဲစခန်းကို ယနေ့ တိုက်ခိုက် သိမ်းပိုက်ရရှိမှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးပြီး လက်နက်ချအညံ့ခံသူ ၂၃ ဦး ရှိကာ လက်နက် ၂၇ လက်နှင့် ခဲယမ်းအများအပြား သိမ်းဆည်းရရှိကြောင်း Lion Battalion ဗျုဟာစစ်ကြောင်းမှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော် အညာသားက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၂၄ ရက်နေ့ နံနက် ၇ နာရီမှ စတင်၍ KNU တပ်မဟာ ၆ နယ်မြေ၊ ကော့ကရိတ်မြို့နယ်၊ ကော့ဘိန်းနယ် မြေ ရဲစခန်းကို စတင်တိုက်ခိုက်ခဲ့ကြောင်း၊ မတ်လ ၂၅ ရက်နေ့ မွန်းလွဲ ၁ နာရီ ၁၀ မိနစ်အချိန်တွင် ကော့ဘိန်း ရဲစခန်းကို အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ ၅ ဦးသေဆုံးပြီး လက်နက်ချ အညံ့ခံသော စစ်သုံ့ပန်း ၂၃ ဦးကိုလည်း ဖမ်းဆီးရရှိကြောင်း၊ သေနတ် ၂၇ လက်နှင့် လက်နက်ခဲယမ်းအမြောက်အမြားလည်း သိမ်းဆည်းရရှိခဲ့ကြောင်း၊ စစ်တပ်က လေကြာင်းမှ တိုက်ခိုက်မှုများစွာ လုပ်ဆောင်ခဲ့ပြီး ကျေးရွာစာသင်ကျောင်းနှင့် ပြည်သူလူထု၏ နေအိမ်များ ထိခိုက်ပျက်စီး ခဲ့ရကြောင်း သိရှိရသည်။

“တိုက်ပွဲမှာ တော်လှန်ရေးရဲဘော် ၂ ဦး မြင့်မြတ်စွာအသက်ပေးလှူခဲ့ရပါတယ်။ ပြည်သူ ၁ ဦးလည်း အသက်ဆုံးရှုံးခဲ့ရတယ်။ စစ်ကောင်စီတပ်ဘက်မှ လက်နက်ချ အညံခံ သူ ၂၃ဦးနှင့် မိသားစုဝင် ၁၈ ဦးတို့ကို လူအခွင့်ရေးနဲ့အညီထိန်းသိမ်းထားပြီးတော့ NUG ထံသို့ စနစ်တကျ လွှဲပြောင်းပေးလိုက်ပါတယ်” ဟု ရဲဘော်အညာသား က ရှင်းပြသည်။

ကော့ဘိန်းနယ်မြေရဲစခန်းသိမ်းတိုက်ပွဲတွင် Lion Battalion စစ်ကြောင်း၊ ဂဠန်စစ်ကြောင်း၊ KNDOတပ်ရင်း၆၊ မွန်ပြည်လွတ်မြောက်ရေးတပ်တော် MLA၊ မွန်ပြည်သစ်ပါတီ (AD) ၊ ရှားထူးဝေါ်နည်းပညာတပ်ဖွဲ့အယ်ဖာဘတ်ဒရုန်းတပ်ခွဲ အပါအဝင် KNLA နှင့် PDF မဟာမိတ် တော်လှန်ရေးတပ်များ ပူးပေါင်းပါဝင်ကြောင်း သိရှိရသည်။

ကရင်ပြည်နယ်ကော့ကရိတ်ခရိုင်အတွင်းရှိ အုပ်ချုပ်ရေးမှူးများအနေဖြင့်စစ်ကောင်စီအတွက်တပ်သားစုဆောင်းရန်လုပ်ဆောင်ပါက မည်သူ့ကိုမဆို ပြင်းပြင်းထန်ထန်ဖမ်းဆီး အရေးယူသွားမည်ဖြစ်ကြောင်း၊ အကြမ်း ဖက် စစ်ကောင်စီထံ တာဝန်မထမ်း ဆောင်လို၍ လက်နက်ဖြင့် CDM ပြုလုပ်လို သူများအနေဖြင့် MOD ထံ ချိတ်ဆက်ပြီး ပြည်သူလူထုနှင့်အတူ အမြန်ဆုံး ရပ်တည်ကြရန်နှင့် ကရင်ပြည်နယ် ၊ ကော့ ကရိတ်ခရိုင် အတွင်းရှိ အုပ်ချုပ်ရေးမှူးများ အနေဖြင့် စစ်ကောင်စီအတွက် တပ်သားစုဆောင်းရန် လုပ်ဆောင်သူ မည်သူမဆို ပြင်းပြင်းထန်ထန်အရေးယူမည်ဖြစ်ကြောင်း အသိပေးထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article