37 C
Yangon

မိုးမောက်မြို့နယ်ရှိ စစ်တပ်၏ ခမရ ၃၈၇ ၊ ခမရ ၃၂၀ တပ်ရင်း စခန်း ၂ ခု နှင့် ရှေ့တန်း စခန်းကုန်း ၂ ခုကို KIA က တိုက်ခိုက် သိမ်းပိုက်

Must read

မိုးမောက်မြို့နယ်ရှိ စစ်တပ်၏ ခမရ ၃၈၇ ၊ ခမရ ၃၂၀ တပ်ရင်း စခန်း ၂ ခု နှင့် ရှေ့တန်း စခန်းကုန်း ၂ ခုကို KIA က တိုက်ခိုက် သိမ်းပိုက်

ရန်ကုန်၊ မတ် ၂၆

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ ခမရ ၃၈၇ ၊ ခမရ ၃၂၀ တပ်ရင်း စခန်း ၂ ခုနှင့် ရှေ့တန်း စခန်းကုန်း ၂ ခုကို KIA က တိုက်ခိုက် သိမ်းပိုက်ရရှိခဲ့ကြောင်း KIA ၏ စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ မတ်လ ၂၆ ရက်နေ့တွင် မိုးမောက်မြို့နယ်၊ မြို့သစ်၊ ကုန်းလောရှိ အကြမ်းဖက် စစ်တပ်၏ ခမရ ၃၈၇ ၊ ခမရ ၃၂၀ တပ်ရင်းစခန်း ၂ ခုနှင့် ရှေ့တန်း စခန်းကုန်း ၂ ခုဖြစ်သော ကုန်းလော တာဝါတိုင်ကုန်း ၊ လုံဂျာဘွမ် ဆုတောင်း တောင်စခန်း တို့ကိုလည်း တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

“ဒီနေ့ တပ်ရင်းဌာန စခန်း ၂ ခုကို သိမ်းပိုက်နိုင်ခဲ့တယ်။ ခမရ-၃၈၇ ကုန်းလောနဲ့ ခမရ-၃၂၀ မြို့သစ် တို့ပါ။ နောက်ပြီး ရှေ့တန်း စခန်းကုန်း ၂ ခုကို လည်းသိမ်းပိုက်ရရှိတယ်။ ကုန်းလော တာဝါတိုင်ကုန်းနဲ့ လုံဂျာဘွမ် ဆုတောင်း တောင်စခန်း ကိုလည်း သိမ်းနိုင်ခဲ့တယ်။ အားလုံး စခန်း ၄ ခု သိမ်းပိုက်ရရှိခဲ့တယ်” ဟု KIA ၏ စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

အဆိုပါ တပ်ရင်း စခန်း ၂ ခုကို မတ်လ ၂၅ ရက်နေ့က စတင်ကာ အကြမ်းဖက် စစ်တပ်၏ ခမရ ၃၈၇ ဗျူဟာတပ်ရင်းစခန်းနှင့် ခမရ ၃၂၀ တပ်ရင်း တို့ကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက စတင် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းစခန်း ၄ ခုကို KIAနှင့် ပူးပေါင်းတပ်များက နယ်မြေရှင်းလင်းရေး ပြုလုပ်နေပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုနှင့် သိမ်းဆည်းရရှိသော လက်နက် အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း KIA ၏ စစ်ရေး သတင်းရင်းမြစ်က ဆက်လက်ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article