30 C
Yangon

မင်းလှမြို့နယ်တွင် စစ်မှုထမ်းရန် အတင်းအဓမ္မ လူစုဆောင်းနေသော လက်နက်ကိုင် ပျူစောထီး ခေါင်းဆောင် မျိုးမြင့်အောင် ပစ်ခတ်ခံရပြီး ကျည် ၁၂ ချက်ထိမှန်ကာ သေဆုံး

Must read

မင်းလှမြို့နယ်တွင် စစ်မှုထမ်းရန် အတင်းအဓမ္မ လူစုဆောင်းနေသော လက်နက်ကိုင် ပျူစောထီး ခေါင်းဆောင် မျိုးမြင့်အောင် ပစ်ခတ်ခံရပြီး ကျည် ၁၂ ချက်ထိမှန်ကာ သေဆုံး

ရန်ကုန်၊ မတ် ၂၆

ပဲခူးတိုင်း၊ မင်းလှမြို့နယ်တွင် စစ်မှုထမ်းရန် အတင်းအဓမ္မ လူစုဆောင်းနေသော လက်နက်ကိုင် ပျူစောထီး ခေါင်းဆောင် မျိုးမြင့်အောင်ကို ပစ်ခတ် တိုက်ခိုက်ရာ ကျည် ၁၂ ချက် ထိမှန်ပြီး သေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ မတ်လ ၂၆ ရက်နေ့ မွန်းလွဲ ၂ နာရီ မိနစ် ၃၀ အချိန်ခန့်တွင် မင်းလှမြို့၊ အမှတ် ၈ ရပ်ကွက်၊ စက် ကြီးတန်းလမ်းတွင် နေထိုင်သော အကြမ်းဖက် စစ်တပ် လက်အောက်ခံ ပျူစောထီး ခေါင်းဆောင် မျိုးမြင့် အောင် (ခ) အောင်အောင်ကို နေအိမ်ခြံဝန်းအတွင်း တော်လှန်ရေး ရဲဘော်များက ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ရာ သေနတ် ၁၂ ချက် ထိမှန်ပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်စဉ် တိုက်ကြီးမြို့အနီး အရောက်တွင် သေဆုံးသွားပြီး အလောင်းကို ၎င်းနေအိမ်သို့ ပြန်သယ်သွားကြောင်း သိရသည်။

“သူ့ကြောင့် ထောင်ကျသူတွေ အဖမ်းခံရသူတွေ ထွက်ပြေးရသူတွေ အိမ်ချိတ်ပိတ်ခံရသူတွေ တော်တာ် များပြီး သူ့အိမ်ခြံထဲမှာ ၂ ချက် အရင်ပစ်တယ်။ အဲလိုအပစ်ခံရတော့ ကြောက်ပြီး အိမ်ထဲဝင်ပြေးတာ လိုက်ပစ်တော့ ၁၂ ချက်ထိပြီး အိမ်ပေါက်ဝမှာ မှောက်သွားတယ်။ သူ့မိန်းမက ကတ်ကြေးနဲ့ လိုက်ထိုးသေးတယ်။ စစ်ရေးပစ်မှတ်ထဲမပါလို့ ခြောက်ပစ်ပြီး ပြန်လာခဲ့တာ သူ့ကို စစ်တပ်က သေနတ် ထုတ်ပေးတာ ဝင်ပစ်ချိန်တော့ အိမ်ထဲဝင်မရှာရလို့ မတွေ့ခဲ့ဘူး” ဟု သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောကြားသည်။

သေဆုံးသူ ပျူစောထီးခေါင်းဆောင် မျိုးမြင့်အောင် (ခ) အောင်အောင်သည် မင်းလှမြို့နယ်၌ နာမည် ဆိုးဖြင့် ကျော်ကြားပြီး လူသိများသည့် စစ်ကောင်စီ ထောက်တိုင် အမာခံ ပျူခေါင်းဆောင် ၁ ဦး ဖြစ်ကြောင်း၊ စစ်ကောင်စီ တပ်သားများနှင့် အတူ ကင်းလှည့်ခြင်း၊ ပြည်သူများအား လိုက်လံဖမ်းဆီး ခြင်း၊ စစ်မှုထမ်းရန် ပြည်သူများအား ဖိအားပေး စုဆောင်းခြင်း၊ စစ်ကောင်စီထံ မမှန်သတင်းပေး၍ ပြည်သူများအား ဖမ်းခိုင်းခြင်းနှင့် ခြိမ်းခြောက်ငွေတောင်းခြင်း၊ စစ်ကောင်စီထံ တော်လှန်ရေး ရဲဘော် များ၏ သတင်းများအား ထောက်လှမ်း ပေးပို့ခြင်းတို့ လုပ်ဆောင်နေသူဖြစ်ကြောင်း သိရသည်။

အဆိုပါ ပစ်ခတ် တိုက်ခိုက်မှုကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၃ မှ တပ်ခွဲ ၂ နှင့် မင်းလှ မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ရဲဘော်များက ပူးပေါင်းကာ လုပ်ဆောင်ခဲ့ပြီး ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

သာယာဝတီခရိုင်အတွင်းရှိ ပြည်သူများ အတင်းအဓမ္မ လူစုဆောင်းနေသူများနှင့် တော်လှန်ရေး တပ် ဖွဲ့များကို ဒုက္ခပေးသူများအား ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ က ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article