32 C
Yangon

မြန်မာတစ်နိုင်ငံလုံး ယနေ့ နံနက် ၃ နာရီ ၅၀ မိနစ်မှစတင်၍ မီးပြတ်နေပြီး မဟာဓာတ်အားလိုင်းချို့ယွင်းဟုဆို၊ နံနက် ၆ နာရီ မီးပြန်လည်ရရှိ

Must read

ရန်ကုန်၊ မတ် ၂၇

မြန်မာတစ်နိုင်ငံလုံး ယနေ့ နံနက် ၃ နာရီ ၅၀ မိနစ်မှစတင်၍ မီးပြတ်နေပြီး မဟာဓာတ်အားလိုင်းချို့ယွင်းချက်ဖြစ်ကြောင်း နေပြည်တော် လျှပ်စစ်ဝန်ကြီးဌာနက ရန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

“System Breakdown ဖြစ်တာပါ။ တစ်နိုင်ငံလုံးပြတ်နေတာ။ ပြန်ရအောင် ပြင်ဆင်နေပါတယ်။ အမြန်ဆုံးရအောင် လုပ်နေပါတယ်။ နေပြည်တော်က အရေးကြီးတဲ့ နေရာတွေတော့ မီးစက်တွေနဲ့ ပေးနေပါတယ်။ ပြတ်တာက တစ်နိုင်ငံလုံးပြတ်တာပါ” ဟု နေပြည်တော် လျှပ်စစ်ဝန်ကြီးဌာနမှ ဦးစီးအင်ဂျင်နီယာက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ရန်ကုန်မြို့၊ မန္တလေးမြို့၊ နေပြည်တော် အပါအဝင် မြို့ကြီးများတွင် ယနေ့ နံနက် ၃ နာရီ ၅၀ မိနစ်မှစတင်၍ လျှပ်စစ်မီးများပြတ်တောက်သွားကြောင်း၊ အလွန်ပူအိုက်ချိန်ဖြစ်၍ ယနေ့ နံနက်အစောပိုင်း မီးပြတ်တောက်သွားသဖြင့် ပြည်သူအများစု သိရှိကြကြောင်း ပြောဆိုကြသည်။

“တစ်ညလုံး အိုက်စပ်နေတာ။ မနက်ပိုင်းလည်း အိုက်နေတော့ မီးပြတ်တာနဲ့ ချက်ချင်းသိတယ်။ မီးက ညလည်း ပြတ်၊ နေ့လည်းပြတ် ။ ပြတ်ချင်သလိုကို ပြတ်နေတာပါပဲ” ဟု ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်မှ ပြည်သူတစ်ဦးက ပြောဆိုသည်။

ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းကလည်း ယနေ့ နံနက် ၃ နာရီ ၅၀ မိနစ် အချိန် ဓာတ်အားစနစ် ချို့ယွင်းမှုဖြစ်ပေါ် သွားပါသဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာယီဓာတ်အား ပြတ်တောက်နေကြောင်း၊ ဓာတ်အားပြန်လည်ပေးနိုင်ရေး အချိန်နှင့်တစ်ပြေးညီ ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်ဟု ကြေညာချက် ထုတ်ပြန်ထားသည်။

ယနေ့ နံနက် ၆ နာရီဝန်းကျင်တွင် မြို့ကြီးများတွင် လျှပ်စစ်မီးများ ပြန်လည် ရရှိနေပြီဖြစ်ကြောင်း ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

ဓာတ်ပုံ – ရန်ကုန်တွင် ၂၀၂၂ ခုနှစ်ကာလ လျှပ်စစ်မီးများပြတ်တောက်နေစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #မြန်မာတစ်နိုင်ငံလုံး #မဟာဓာတ်အားလိုင်းချို့ယွင်း

ရန်ကုန်တွင် ၂၀၂၂ ခုနှစ်ကာလ လျှပ်စစ်မီးများပြတ်တောက်နေစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article