25 C
Yangon

မိတ္တီလာတွင် စစ်ရဟတ်ယာဉ် တစ်စီး စက်ချို့ယွင်းပျက်ကျမှု စစ်ကောင်စီက ဝန်ခံ သတင်းဖော်ပြသော်လည်း သုဿာန်ထဲ ပျက်မှုကိုမူ ဖုံးကွယ်ထား

Must read

ရန်ကုန်၊ မတ် ၂၇

မန္တလေးတိုင်း၊ မိတ္တီလာတွင် စစ်ကောင်စီ ရဟတ်ယာဉ် တစ်စီး စက်ချို့ယွင်းပျက်မှု ဝန်ခံ သတင်းဖော်ပြသော် လည်း သုဿာန်ထဲ ပျက်မှုကိုမူ စစ်တပ်က ဖုံးကွယ်ထားသည်။

ယနေ့ မတ်လ ၂၇ ရက်နေ့ ထုတ်စစ်ကောင်စီ၏ ဝါဒဖြန့် သတင်းစာများတွင် ယမန်နေ့ နံနက်ပိုင်း စစ်ကောင်စီလေတပ်မှ လေ့ကျင့်ရေး ရဟတ်ယာဉ်ငယ်တစ်စီးသည် ရဟတ်ယာဉ်မှူး တစ်ဦးနှင့် သင်တန်းသား တစ်ဦး လိုက်ပါ၍ လေ့ကျင့်ပျံသန်းစဉ် မိတ္တီလာမြို့နယ်၊ ပြည်သာယာအနီးသို့ အရောက်တွင် ရုတ်တရက် စက်ချို့ယွင်းမှု ဖြစ်ပေါ်ခဲ့၍ မြေပြင်သို့ အရေးပေါ် ဆင်းသက်ခဲ့ရကြောင်း၊ ရဟတ်ယာဉ်မှူးနှင့် သင်တန်းသားတို့မှာ ထိခိုက်ဒဏ်ရာ မရရှိခဲ့သော်လည်း ရဟတ်ယာဉ်မှာ ပျက်စီးသွားကြောင်း သတင်းဖော်ပြထားသည်။

မိတ္တီလာမြို့မှ ပြည်သူများကမူ မတ်လ ၂၆ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်ခန့်တွင် မိတ္ထီလာမြို့နယ်၊ ရှမ်းတဲလေတပ်စခန်းမှ ရဟတ်ယာဉ် ၁ စီး စက်ချို့ယွင်းပြီး မဟူရာသုသာန်ထဲ ပျက်ကျသွားခဲ့ကြောင်း၊ ရဟတ်ယာဉ်မှူး ၂ ဦး ဒဏ်ရာရ၍ ပြည်သူများက ဆွဲထုတ်ပေးခဲ့ရကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုခဲ့ကြသည်။

“မိတ္ထီလာ ရှမ်းတဲလေတပ်က ရဟတ်ယာဉ် ၁ စီး စက်ချို့ယွင်းပြီး မဟူရာ သင်္ချိုင်းပေါ် ပျက်ကျတာ လေယာဉ် မောင်းတဲ့ကောင် ၂ ကောင်ကတော့ ရွာသားတွေက အပြင်ဆွဲထုတ်ပေးတားတာ မသေဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုခဲ့သည်။

သို့ရာတွင် စစ်ကောင်စီသတင်းများတွင်မူ ရဟတ်ယာဉ်သည် သုဿာန်ထဲသို့ ပျက်ကျခဲ့သည်ကို လုံး၀ သတင်းဖော်ပြခြင်းမပြုဘဲ ရဟတ်ယာဉ်ပျက်သည့်နေရာကို ဖုံးကွယ် သတင်းဖော်ပြခဲ့သည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #စစ်ရဟတ်ယာဉ် တစ်စီး စက်ချို့ယွင်းပျက်ကျ #သုဿာန်ထဲ ပျက်မှု

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article