26 C
Yangon

မြင်းခြံ၊ အိုင်းမကျေးရွာအုပ်ချုပ်ရေးမှူးဇော်မင်းမိုးကို ဝင်ရောက်ဖမ်းဆီးစဉ် အပြန် အလှန်ပစ်ခတ်မှုဖြစ်ပြီး အုပ်ချုပ်ရေးမှူး ထွက်ပြေးလွတ်မြောက်၊ သေနတ်တစ်လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိ

Must read

ရန်ကုန် ၊ မတ် ၂၇

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ အိုင်းမကျေးရွာ အကြမ်းဖက် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဇော်မင်း မိုးကို ဝင်ရောက်ဖမ်းဆီးစဉ် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပြီး ကာဘိုင်သေနတ် တစ်လက်နှင့်ခဲယမ်း များ သိမ်းဆည်းရရှိခဲ့ကြောင်း ရွှေဂျိုးဖြူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ မတ်လ ၂၆ ရက် မွန်းလွဲ ၁ နာရီခန့်က မြင်းခြံမြို့နယ်၊ အိုင်းမကျေးရွာ၊ အကြမ်းဖက်စစ် ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဇော်မင်းမိုးကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ဝင်ရောက် ဖမ်း ဆီးရာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဇော်မင်းမိုးမှ ၎င်းကိုင်ဆောင်ထားသော ကာဘိုင်သေနတ်ဖြင့် ပြန် လည်ခုခံပစ်ခတ်သဖြင့် အပြန်အလှန် ပစ်ခတ်တိုက်ပွဲဖြစ်ခဲ့ကြောင်း သိရသည်။

ထို့သို့ အပြန်အလှန်ပစ်ခတ်မှုအတွင်း စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဇော်မင်းမိုးသည် လက်နက် ကိုင် ဆောင်ထားသည့် သေနတ်ကို ပစ်ချကာ ထွက်ပြေးလွတ်မြောက်သွားကြောင်း၊ ထို့ကြောင့် ကာ ဘိုင်‌သေနက် ၁ လက် ၊ ကျည်ဘောက် ၂ ခု ၊ ကာဘိုင်ကျည် ၄၃ တောင့်ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုကို HERO DEFENCE FORCE (မြင်းခြံ) နှင့် ရွှေဂျိူးဖြူ – ပြည်သူကာကွယ် ရေးတပ်ဖွဲ့ (မြင်းခြံ) ညီနောင်မဟာမိတ် နှစ်ဖွဲ့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #အိုင်းမကျေးရွာအုပ်ချုပ်ရေးမှူးဇော်မင်းမိုး

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article