29.6 C
Yangon

နတ်မောက်မြို့ပေါ်တွင် လူငယ်များကို စစ်မှုထမ်းရန် စစ်တပ်က ဆင့်ခေါ်စာများဖြင့် လိုက်လံ ဖမ်းဆီးပြီး လူငယ် ၂၅ ဦးခန့်ကို မကွေးမြို့ပေါ် ဖမ်းဆီး ခေါ်ဆောင်သွား

Must read

နတ်မောက်မြို့ပေါ်တွင် လူငယ်များကို စစ်မှုထမ်းရန် စစ်တပ်က ဆင့်ခေါ်စာများဖြင့် လိုက်လံ ဖမ်းဆီးပြီး လူငယ် ၂၅ ဦးခန့်ကို မကွေးမြို့ပေါ် ဖမ်းဆီး ခေါ်ဆောင်သွား

ရန်ကုန်၊ မတ် ၂၇

မကွေးတိုင်း၊ နတ်မောက်မြို့ပေါ်တွင် လူငယ်များကို စစ်မှုထမ်းရန် စစ်တပ်က ဆင့်ခေါ်စာများဖြင့် လိုက်လံ ဖမ်းဆီးပြီး လူငယ် ၂၅ ဦးခန့်ကို မကွေးမြို့ပေါ် ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၂၇ ရက်နေ့တွင် နံနက် ၃ နရီခန့်မှ စတင်ကာ နတ်မောက်မြို့ပေါ်ရှိ ရပ်ကွက် ၇ ကွက်မှ ၁ ရပ်ကွက်လျှင် လူငယ် ၅ ဦးနှုန်းဖြင့် အကြမ်းဖက် စစ်တပ်က လူငယ်များကို စစ်မှုထမ်းရန် ဆင့်ခေါ်စာများဖြင့် လိုက်လံ ဖမ်းဆီးခဲ့ပြီး လူငယ် ၂၅ ဦးခန့်ကို အုပ်ချုပ်ရေးမှူးရုံးများတွင် ဖမ်းဆီးထားကာ ညနေပိုင်းတွင် မကွေးမြို့ပေါ် ဖမ်းဆီး ခေါ်ဆောင်သွားကြောင်းသိရသည်။

လက်ရှိချိန်တွင် နတ်မောက်မြို့ပေါ်၌ နေထိုင်သော လူငယ်များသည် ထွက်ပြေးတိမ်းရှောင်းနေရပြီး မိဘများလည်း သောကများ၍ ငိုကြွေးနေကာ မြို့ပေါ် ရပ်ကွက်များတွင် ဝရုန်းသုန်းကားဖြစ်နေကြောင်း သိရှိသည်။

“နတ်မောက်မြို့ပေါ်မှာ နံနက် ၃ နာရီကစလို့ ရပ်ကွက် ၇ ရပ်ကွက် ၁ ရပ်ကွက်ကို လူ ၅ ဦးနှုန်းနဲ့ ပေါ်တာဆွဲသလိုခေါ်နေပါတယ်။ ပြေးတဲ့ လူငယ်တွေပြေးနဲ့ အခုလက်ရှိ ထွေအုပ်ရုံးမှာ အကုန်ခေါ်ထားကြောင်းသိရပါတယ်။ မိဘတွေလည်း သောကဒုက္ခတွေ အစုံဖြစ်နေရပါတယ်။ ဆင့်ခေါ်စာနဲ့ တခါတည်း လုပ်တဲ့သဘောပါ။ ရပ်ကွက်စာရေးတွေကို အပြတ်မြေလှန်ရုံမှ တပါး အခြားမရှိတော့ပါဘူး။ အခုလောလောဆယ် ၂၅ ဦးလောက် ခေါ်ခံထားရပြီး မကွေးမြို့ပေါ်ကို ကားနဲ့ခေါ်သွားတယ်သိရပါတယ်။ မိဘတွေကတော့ မျက်ရည်နဲ့ မျက်ခွက်ပဲ” ဟု ဒေသပြည်သူ တစ်ဦးကပြောဆိုသည်။

နတ်မောက်မြို့ပေါ်တွင် အကြမ်းဖက် စစ်တပ်က အင်အား လျော့နည်းလာပြီး အုပ်ချုပ်ရေးမှူး ၂ ဦးနှင့် စာရေးမ ၇ ဦးသာရှိကြောင်း၊ လူငယ်များကို စစ်မှုထမ်းရန် စာရင်းကောက်ရာတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် စာရေးမများက အဓိက လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article