29 C
Yangon

ကျိုက်မရောမြို့နယ်၊ ဓမ္မသကျေးရွာကို စစ်တပ်က လေကြောင်းဖြင့် မီးလောင်ဗုံးများကျဲချပြီး လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် နေအိမ် အများအပြား မီးလောင်နေ၊ စစ်တပ်က မီးသတ်ကားများ ပေးမဝင်ဘဲ တားဆီးထား

Must read

ကျိုက်မရောမြို့နယ်၊ ဓမ္မသကျေးရွာကို စစ်တပ်က လေကြောင်းဖြင့် မီးလောင်ဗုံးများကျဲချပြီး လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် နေအိမ် အများအပြား မီးလောင်နေ၊ စစ်တပ်က မီးသတ်ကားများ ပေးမဝင်ဘဲ တားဆီးထား

ရန်ကုန်၊ မတ် ၂၇

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ဓမ္မသကျေးရွာကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် မီးလောင်ဗုံးများကျဲချပြီး လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် နေအိမ် အများအပြား မီးလောင်နေပြီး စစ်တပ်က မီးသတ်ကားများ ပေးမဝင်ဘဲ တားဆီးထားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ မတ်လ ၂၇ ရက်နေ့ မွန်းလွဲ ၂ နာရီကျော်ခန့်တွင် အကြမ်းဖက် စစ်တပ်က ဓမ္မသကျေးရွာကို လေကြောင်းဖြင့် မီးလောင်ဗုံးများ ကျဲချပြီး ကျေးရွာအတွင်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် နေအိမ် အများအပြား မီးလောင်ပျက်စီးခဲ့ပြီး မော်လမြိုင်မှ လာသည့် မီးသတ်ကားများကို အကြမ်းဖက် စစ်တပ်က သံကလောင်ရွာတွင် ဖြတ်သန်းခွင့် မပေးဘဲ ပိတ်ထားကြောင်း သိရသည်။

“ဓမ္မသကျေးရွာက စစ်ပွဲလည်း မဖြစ်ဘဲနဲ့ စစ်ခွေးတွေက မီးလောင်ဗုံးနဲ့ ရွာကို မီးရှို့တာ လောင်နေတာက ဟိုတကွက်ဒီတကွက်ပဲ မော်လမြိုင်ကနေ လာတဲ့ မီးသတ်ကားတွေလည်း တရနာရွာအထိပဲ ရောက်တယ်။ သံကလောင်ရွာမှာ မပေးဖြတ်ဘူး။ ရွာထဲမှာရှိတဲ့ မီးသတ်ကားတွေနဲ့ပဲ မီးငြိမ်းနေရတယ်။ လေယာဥ်နဲ့ရွာကို စစ်ခွေးတွေက မီးလောင်ဗုံးကျဲချပြီး လက်နက်ကြီးနဲ့ထုတာ” ဟု ဒေသပြည်သူများက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article