33 C
Yangon

မင်းလှမြို့နယ်၊ ဘုရားကွင်း+အင်တောသာရွာသား ၁ ဦးကို စစ်တပ်က အကြောင်းမဲ့ ဖမ်းဆီးသွားပြီးနောက် သေနတ် ဒဏ်ရာဖြင့် သေဆုံးလျက် ပြန်တွေ့

Must read

မင်းလှမြို့နယ်၊ ဘုရားကွင်း+အင်တောသာရွာသား ၁ ဦးကို စစ်တပ်က အကြောင်းမဲ့ ဖမ်းဆီးသွားပြီးနောက် သေနတ် ဒဏ်ရာဖြင့် သေဆုံးလျက် ပြန်တွေ့

ရန်ကုန်၊ မတ် ၂၈

ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ ဘုရားကွင်း+အင်တောသာရွာသား ၁ ဦးကို အကြမ်းဖက် စစ်တပ်က အကြောင်းမဲ့ ဖမ်းဆီးသွားပြီးနောက် သေနတ် ဒဏ်ရာဖြင့် သေဆုံးလျက် ပြန်တွေ့ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၂၆ ရက်နေ့ ညပိုင်းက မင်းလှမြို့နယ်၊ လှည်းပြင်တင်‌အုပ်စုမှ ဘုရားကွင်း + အင်တောသာကျေးရွာသား ကိုဇော်ထိုက်ကို အကြမ်းဖက် စစ်တပ်နှင့် ပျူစောထီးရဲထွန်း ဆိုသူက မေးမြန်းစရာရှိဟုဆိုကာ နေအိမ်၌ လာရောက်ဖမ်းဆီးသွားကြောင်း သိရသည်။

ယင်းနေ့ ဖမ်းဆီးသွားပြီးနောက် မတ်လ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် ဘုရားကွင်း + အင်တောသာကျေးရွာ တောင်ဘက်ရှိ ဘုရားကုန်းတွင် နောက်စေ့ကို သေနတ်ဖြင့် ပစ်သတ်ထားသည့် ကိုဇော်ထိုက် ၏ အရုပ်အလောင်းကို တွေ့ရှိခဲ့ကြောင်း သိရှိရသည်။

“မင်းလှမြို့နယ်၊ လှည်းပြင်တင်‌အုပ်စု၊ ဘုရားကွင်း+အင်တောသာကျေးရွာမှာ နေထိုင်တဲ့ ကိုဇော်ထိုက်ဆိုသူကို ပျူစောထီးရဲထွန်းနဲ့ စစ်ကောင်စီ တပ်သားတွေက မတ်လ ၂၆ ရက်နေ့ ညပိုင်းမှာ မေးမြန်းစရာရှိလို့ဆိုပြီး ဖမ်းသွားတာ ဒီမနက်ကြတော့ အဲ့ရွာ တောင်ဘက်ကမ်းက ဘုရားကုန်းဆိုတဲ့ နေရာမှာ ကိုဇော်ထိုက် နောက်စေ့ကို သေနတ်နဲ့ ပစ်သတ်လို့ သေနေတဲ့ အလောင်းတွေ့ရပါတယ်။ လာခေါ်တော့ မိသားစုကို ခဏဆိုပြီးပြောသွားတာ” ဟု ဒေသပြည်သူတစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article