37 C
Yangon

မိုးမောက်မြို့နယ်ရှိ စစ်တပ်၏ ယောယုံ ဗျူဟာကုန်း စခန်း အပါအဝင် စစ်စခန်း ၆ ခုကို KIA က တိုက်ခိုက်သိမ်းပိုက်၊ ၁၂၂ မမ ဟောင်ဝှစ်ဇာ အမြောက် ၂ လက်နှင့် လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရရှိ

Must read

မိုးမောက်မြို့နယ်ရှိ စစ်တပ်၏ ယောယုံ ဗျူဟာကုန်း စခန်း အပါအဝင် စစ်စခန်း ၆ ခုကို KIA က တိုက်ခိုက်သိမ်းပိုက်၊ ၁၂၂ မမ ဟောင်ဝှစ်ဇာ အမြောက် ၂ လက်နှင့် လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရရှိ

ရန်ကုန်၊ မတ် ၂၈

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ ယောယုံ ဗျူဟာကုန်း စခန်း အပါအဝင် စစ်စခန်း ၆ ခုကို KIA က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ၁၂၂ မမ ဟောင်ဝှစ်ဇာ အမြောက် ၂ လက်နှင့် လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရရှိခဲ့ကြောင်း KIA ၏ စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ မတ်လ ၂၈ ရက်နေ့ နံနက်ပိုင်းတွင် မိုးမောက်မြို့နယ်၊ လွယ်ဂျယ်မြို့အထက် စေတီကုန်း စစ်တပ်စခန်း၊ မိုးမောက် အထက်ပိုင်းရှိ လော့ဒန် စစ်တပ်စခန်းနှင့် ယောယုံ ဗျူဟာကုန်းစခန်းတို့ကို KIA က ထပ်မံ သိမ်းပိုက်ခဲ့ပြီး ၁၂၂ မမ ဟောင်ဝှစ်ဇာ အမြောက် ၂ လက်နှင့် လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရရှိခဲ့ကြောင်း၊ ထို့ပြင် မတ်လ ၂၇ ရက်နေ့ကလည်း အကြမ်းဖက် စစ်တပ်၏ စစ်စခန်း ၃ ခုကို KIA က သိမ်းပိုက်ရရှိထားသေးကြောင်း သိရသည်။

“ဒီမနက် စခန်း ၃ ခု ထပ်မံ သိမ်းပိုက်လို​က်ပါပြီ လွယ်ဂျယ်မြို့အထက် စေတီကုန်းစစ်တပ်စခန်း၊ မိုးမောက် အထက်က လော့ဒန် စစ်တပ်စခန်းနဲ့ ယောယုံ ဗျူဟာ ကုန်းစခန်းတို့ကို ထပ်မံ သိမ်းပိုက်လိုက်ပါပြီ အခု ဗန်းမော်-လွယ်ဂျယ် လမ်းမပေါ်က စခန်း ၂ ခုပဲ ကျန်တော့တယ်။ လက်နက် ခဲယမ်းရေတွက် မကုန်သိမ်းဆည်း ရရှိထားတယ်။ ၁၂၂ မမ အမြောက် ၂ လက်ပါတယ်။ အားလုံးပေါင်း စခန်း ၆ ခု ရပြီ မနေ့က ၃ ခု ဒီနေ့ ၃ ခု” ဟု KIA ၏ စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

လက်ရှိချိန်တွင် ဗန်းမော်-လွယ်ဂျယ် လမ်းမပိုင်းရှိ အကြမ်းဖက် စစ်တပ်၏ စခန်း ၂ ခုကိုသာ သိမ်းပိုက်ရန် ကျန်ရှိတော့ကြောင်း KIA ၏ စစ်ရေးသတင်းရင်းမြစ်က ဆက်လက်ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article