29 C
Yangon

ရွှေဘိုမြို့နယ်၊ မြင်းချင်းရွာမှ ကားဖြင့် ထွက်လာသည့် အုပ်ချုပ်ရေးမှူး ထွန်းနိုင်အပါအဝင် ပျူစောထီး ၃ ဦးကို ပစ်ခတ်မှု ၃ ဦးလုံးသေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်း ရရှိ

Must read

ရွှေဘိုမြို့နယ်၊ မြင်းချင်းရွာမှ ကားဖြင့် ထွက်လာသည့် အုပ်ချုပ်ရေးမှူး ထွန်းနိုင်အပါအဝင် ပျူစောထီး ၃ ဦးကို ပစ်ခတ်မှု ၃ ဦးလုံးသေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်း ရရှိ

ရန်ကုန်၊ မတ် ၂၈

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ မြင်းချင်းရွာမှ ကားဖြင့်ထွက်လာသည့် အုပ်ချုပ်ရေးမှူး ထွန်းနိုင် အပါအဝင် ပျူစောထီး ၃ ဦးကို ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ၃ ဦးလုံးပွဲချင်းပြီး သေဆုံးခဲ့ပြီး AK သေနတ် ၁ လက် သိမ်း ဆည်းရရှိခဲ့ကြောင်း ရွှေဘိုအားမာန်မြို့ပြပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

ယနေ့မတ်လ ၂၈ ရက် နံနက် ၉ နာရီ မိနစ် ၄၀ ခန့်က ရွှေဘိုမြို့နယ်၊ မြင်းချင်းရွာမှ အုပ်ချုပ်ရေးမှူး ထွန်းနိုင်နှင့် ပျူစောထီး ၂ ဦး သည် ရွှေဘိုမြို့သို့ သွားရောက်ပြီး လစာထုတ်ရန် မတ်တူး အဖြူရောင်ကားဖြင့် ကျွန်းတောလမ်း အတိုင်း ထွက်လာစဉ် တော်လှန်ရေး ရဲဘော်များက စောင့်ကြို ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ၃ ဦးလုံး သေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

“မြင်းချင်းရွာကနေ ရွှေဘိုမြို့ပေါ်ကို လစာထုတ်ဖို့ ထွက်လာတာ၊ သတင်းရလို့ ကြိုစောင့်ပစ်တာ၊ အမျိုးသမီးတစ်ယောက်၊ အမျိုးသား ၂ ယောက် ပျူတွေချည်းပဲ။ ဂန်းတစ်လက်ရခဲ့တယ်။ ကျွန်းတော ဘက်နားမှာ အသွားကို ဆီးပစ်ခတ်လိုတာ၊ အုပ်ကြီးထွန်းနိုင်ရယ်၊ ကောင်းမြတ်ရယ်နဲ့ အမျိုးသမီး တစ်ယောက်ပါတယ်။ အမျိုးသမီးကလည်း ပျူမပဲ။” ဟု ရွှေဘိုအားမာန်မြို့ပြပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

ထိုသို့ ပစ်ခတ်ခံရပြီး သေဆုံးသွားသော အုပ်ချုပ်ရေးမှူးနှင့် ပျူစောထီး အလောင်းများကို ရွှေဘို မြို့မှ စစ်သားများ၊ မြင်းချင်းရွာ၊ ဇီးကုန်းရွာ၊ ပန်းရံရွာတို့မှ ပျူစောထီး၊ စစ်သား အင်အား အများအပြားဖြင့် လာရောက် သယ်ဆောင်သွားကြောင်း၊ ယင်း တိုက်ခိုက်မှုအတွင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် ၁ ဦး စိုးရိမ်ရ ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ရွှေဘိုအားမာန် မြို့ပြပြောက်ကျား၊ သိခ်အားမာန်၊ မဟူရာ ရွှေဘိုသား၊ HG FIGHTRS (LPDF)၊ ဖျံ အဖွဲ့၊ စွန်ရဲရွှေဘို (LPDF)၊ shwebo Crocodile၊ Young NI၊ ဒေါင်းမင်း အဖွဲ့၊ ရွှေဘိုမြို့နယ်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့၊ တန ၂ တပ်ပေါင်းစု၊ တန ၅ တပ်ပေါင်းစု၊ ရှင်းရှင်း ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့၊ ဗိုလ်လင်းရောင်(ဒပယ)နှင့် ဇာမဏီဒေါင်း(ဒပယ)တပ်ဖွဲ့တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article