38 C
Yangon

ရွှေဘိုမြို့ပေါ်ရှိ စစ်တပ်က တပ်စွဲထားသော နေရာများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၅ ဦး ပြင်းထန်ဒဏ်ရာရ၊ ပခုက္ကူမြို့နယ်တွင်လည်း စစ်တပ် ထောက်ပို့ယာဉ်တန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

Must read

ရွှေဘိုမြို့ပေါ်ရှိ စစ်တပ်က တပ်စွဲထားသော နေရာများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၅ ဦး ပြင်းထန်ဒဏ်ရာရ၊ ပခုက္ကူမြို့နယ်တွင်လည်း စစ်တပ် ထောက်ပို့ယာဉ်တန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

ရန်ကုန်၊ မတ် ၂၈

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ်က တပ်စွဲထားသော နေရာများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၅ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း X FORCE – LPDF – ShweBo အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၂၇ ရက်နေ့ နံနက် ၁၀ နာရီ ၅၈ မိနစ်ခန့်တွင် ရွှေဘို့မြို့၊ အမှတ် ၅ ရပ်ကွက်ရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ အထိုင်ချ တပ်စွဲထားသော ဘုန်းကြီးကျောင်းဝင်းကို တော်လှန်ရေး တပ်ဖွဲ့များက Fixed wings drone ၃ စီးဖြင့် စစ်ကောင်စီ တပ်သားများ ထမင်းစားနေချိန် ဗုံးသီး ၄ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်းခဲ့ပြီး ၅ ဦး အပြင်းအထန် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယင်းသို့ တိုက်ခိုက်ပြီးနောက် ကညနရုံး အတွင်း တပ်စွဲထားသော စစ်တပ်က ၈၁ မမ လက်နက်ကြီး ၃ လုံးဖြင့် တော်လှန်ရေး ရဲဘော်များကို ပစ်ခတ် တိုက်ခိုက်ခဲ့သော်လည်း အထိအခိုက်မရှိ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ရွှေဘိုမြို့ မုဒ်ပေါက်၌ အထိုင်ချ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး မွန်းလွဲ ၁ နာရီ ၄၉ မိနစ်ခန့်တွင် Fixed Wings Drone ၃ စီး ဖြင့် ဗုံးသီး ၄ လုံး ကျဲချ ထပ်မံ ကျဲချတိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက် ဒဏ်ရာသူများရှိသော်လည်း သေဆုံးမှု ရှိမရှိကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

” စစ်ခွေး ထိခိုက်မှုကတော့ တော်တော်များတယ်။ သေစာရင်းတော့ မသိရသေးဘူး” ဟု X FORCE – LPDF – ShweBo အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို X Force LPDF (Shwebo) နှင့် ရှင်းရှင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တောကျီးကန်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ Buffalo Soldier Freedom Force(drone)အဖွဲ့နှင့် Shwe Bo Defence Force (SBDF) အဖွဲ့တို့က ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အလားတူ မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မကျည်းသုံးပင်ရွာအနီး ရောက်ရှိနေသော အကြမ်းဖက် စစ်တပ် ထောက်ပို့ယာဉ်တန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်ကားများ ထိခိုက်ပျက်စီးမှုရှိကြောင်း မြိုင်ပကဖမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ မတ်လ ၂၇ ရက် နံနက် ၁၀ နာရီမှ ညနေ ၅ နာရီအထိ ပခုက္ကူမြို့နယ် မကျည်းသုံးပင် ရွာ အနီး ရောက်ရှိနေသော စစ်တပ် ရိက္ခာယာဥ်တန်းကို ဒရုန်းဖြင့် အီနာဂါဗုံးသီးများ ကျဲချ တိုက်ခိုက်ခဲ့ ရာ စစ်သားများ ထိခိုက်ဒဏ်ရာရရှိပြီး ယာဥ်တန်းမှ မော်တော်ယာဥ်များလည်း ပျက်စီးခဲ့ကြောင်း သိရသည်။

ယင်းအကြမ်းဖက်စစ်ယာဉ်တန်းသည် ပခုက္ကူ – ကမ္မ – အရာတော် – ဂျိုးပြန်ရွာအနီး ရောက်ရှိနေပြီ ဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မြိုင်ပကဖ၊ Black Cobra၊ PKU Thurein၊ Kamma Defence Force (KMDF)၊ ဧရာအနောက်ပြောက်ကျားတပ်ဖွဲ့နှင့် DMG ဓါးမင်းကြီးတပ်ဖွဲ့တို့ ပူးပေါင်း ကာ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article