28 C
Yangon

ညောင်လေးပင်ခရိုင်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီး၊ ဒရုန်းများဖြင့် ပစ်ခတ် တိုက်ခိုက်မှု ကလေးငယ် ၂ ဦးသေဆုံးပြီး နေအိမ် ၆ လုံးပျက်စီး

Must read

ရန်ကုန်၊ မတ် ၂၉

ကရင်ပြည်နယ်၊ ညောင်လေးပင်ခရိုင်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီး၊ ဒရုန်းများဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် ကလေးငယ် ၂ ဦး သေဆုံးပြီး နေအိမ် ၆ လုံး ပျက်စီးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။

မတ်လ ၁၇ ရက်နေ့ ည ၈ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်က နတ်သံကွင်းမှနေပြီး ဟောင်ဝှစ်ဇာ လက်နက်ကြီး ၃ လုံး ပစ်ခတ်ခဲ့ရာ နရွဲပင်ကျေးရွာအတွင်း ကျရောက် ပေါက်ကွဲခဲ့သောကြောင့် ကျွေးရွာအတွင်းရှိ နေအိမ် ၃ လုံး ထိခိုက် ပျက်စီးခဲ့ရပြီး ဆိတ် ၁ သေဆုံးခဲ့ကြောင်း၊ အလားတူ ကျောက်ကြီးမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ ၈၁ မမ လက်နက်ကြီး ၄ လုံး ငဗျက်အင်းကျေးရွာအတွင်း ပစ်ခတ်ခဲ့ရာ နေအိမ် ၂ လုံး ထိခိုက် ပျက်စီးခဲ့ကြောင်း သိရသည်။

မတ်လ ၁၈ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်က နတ်သံကွင်းမှနေပြီး ဟောင်ဝှစ်ဇာ လက်နက်ကြီးများ ပစ်ခတ်ခဲ့ရာ ဘုရားလေးကုန်း အနောက်ကို ကျရောက် ပေါက်ကွဲခဲ့ပြီး ထင်းခုတ်သွားသည့် ဖျံတလင်းကျေးရွာမှ အသက် ၁၁ နှစ်အရွယ် ဖိုးစနေ လက်နက်ကြီး ထိမှန် သေဆုံးခဲ့ပြီး မတောကုန်းရွာမှ အသက် ၁၃ နှစ် အရွယ် စောသက်အောင်ထွေးနှင့် အသက် ၂၄ နှစ်အရွယ် စောအောင်ဇင်လင်းတို့ ၂ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ယင်းနေ့ ညနေ ၆ နာရီ ၁၄ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်က ဒရုန်းဖြင့် ဆိပ်ကြီးကျေးရွာအတွင်းရှိ ဖွားတိုး ဆီစက်ကို ပစ်ခတ်ခဲ့ရာ စစ်ဘေးရှောင်လာသည့် အသက် ၅ နှစ်အရွယ် ပန်းနုဝါ ထိခိုက် ဒဏ်ရာရရှိပြီး ဆိပ်ကြီးရွာသား အသက် ၄၁ နှစ်အရွယ် ဖြိုးဝင်အောင်နှင့် အသက် ၆၉ နှစ်အရွယ် ဒေါမြရည် အပြင်းအထန် ထိခိုက်ဒဏ်ရာရရှိကာ အသက် ၉ နှစ်အရွယ် မအိန္ဒြေဖြိုး ဗုံးစထိမှန်သေဆုံးခဲ့ကြောင်း သိရသည်။

မတ်လ ၂၁ ရက်နေ့ ည ၈ နာရီ ၂၀ မိနစ်ခန့်တွင် ပိန်းဇလုပ် အခြေစိုက် အကြမ်းဖက် စစ်တပ်၏ ခမရ−၂၆၄ တပ်ရင်းက ၁၂၀ မမ လက်နက်ကြီး ၇ လုံး ဇီးကုန်းကျေးရွာအတွင်းကို ပစ်ခတ်ခဲ့ပြီး ည ၉ နာရီခန့်တွင် ယင်းတပ်ရင်းက ၁၅၅ မမ ဟောင်ဝှစ်ဇာ လက်နက်ကြီး ၂ လုံး ရွာသာယာကျေးရွာ အတွင်းကို ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

မတ်လ ၂၂ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်ခန့်တွင် ပိန်းဇလုပ် အခြေစိုက် အကြမ်းဖက် စစ်တပ်၏ ခမရ−၂၆၄ တပ်ရင်းက ဒရုန်းဖြင့် လက်နက်ကြီး ၄ လုံး ပစ်ခတ်ခဲ့ရာ တောင်ခင်ကျေးရွာနှင့် နွားရေကြောင်း ကျေးရွာအတွင်း ၂ လုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ မတ်လ ၂၃ ရက်နေ့ ည ၉ နာရီ ၄၉ မိနစ်ခန့်တွင် နတ်သံကွင်းရှိ အကြမ်းဖက် စစ်တပ်က နရွဲပင်ကျေးရွာအတွင်းကို ဟောင်ဝှစ်ဇာ လက်နက်ကြီး ၃ လုံးပစ်ခဲ့ရာ စပါးခြွေစက် ၁ လုံး၊ လှည်း ၂ စီး၊ ဆယ်ကိုင် ၁ စီး၊ စက်ဘီး ၁ စီး၊ နေအိမ် ၂ လုံး၊ စပါးကျီ ၁ လုံး၊ မျိုးစပါး ၃၀၀ ၊ နွားတဲ ၃ လုံး ၊ ဆန်ပီပါ ၃ လုံး နှင့် ပရိဘောဂများ မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

မတ်လ ၂၇ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် နတ်သံကွင်းရှိ အကြမ်းဖက် စစ်တပ်က ဟောင်ဝှစ်ဇာ လက်နက်ကြီး ၁ လုံး ကြို့ကုန်းကွင်း ကျေးရွာအတွင်း ပစ်ခတ်ခဲ့ရာ နရွဲပင်ရွာသား ၁ ဦး၏ နွား ၂ ကောင် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ယင်းနေ့ နံနက် ၁ဝ နာရီ ၁ မိစ်ခန့်တွင် အင်းနက်ရွာ မြောက်ဘက်ကို အကြမ်းဖက် စစ်တပ်က ထပ်မံပြီး ဟောင်ဝင်ဇာ လက်နက်ကြီး ၁ လုံးနှင့် မွန်းလွဲ ၁ နာရီ ၁၆ မိနစ်ခန့်တွင် ကြို့ကုန်းလေး ရွာဘေးကို ဟောင်ဝှစ်ဇာ လက်နက်ကြီး ၁ လုံး ပစ်ခတ်ခဲ့ပြီး နတ်သံကွင်းရှိ အကြမ်းဖက် စစ်တပ်ကလည်း ထပ်မံ ပစ်ခတ်ခဲ့ကြောင်း၊ ထို့ပြင် ပိန်းဇလုပ် အခြေစိုက် အကြမ်းဖက် စစ်တပ်၏ ခမရ−၂၆၄ တပ်ရင်းက ည ၉ နာရီ ၁၂ မိနစ်မှ ည ၉ နာရီ ၅၉ မိနစ်အထိ ၁၂၀ မမ လက်နက်ကြီး ၈ လုံး ချုံအင်း ကျေးရွာ၊ ဂွေးကုန်းကျေးရွာ နှင့် ရေဖြူကန်ကျေးရွာများအတွင်း ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

မတ်လ ၂၈ ရက်နေ့ နံန် ၁ဝ နာရီ ၄၅ မိနစ်ခန့်တွင် ပိန်းဇလုပ် အခြေစိုက် အကြမ်းဖက် စစ်တပ်၏ ခမရ−၂၆၄ တပ်ရင်းက ၁၅၅ မမ ဟောင်ဝှစ်ဇာ လက်နက်ကြီး ၂ လုံးဖြင့် ပစ်ခတ်ခဲ့ရာ ကျွန်းကြီးအရှေ့ဘက်ကောက်ရိုး ပိုမြောင်းလယ်ကွင်းတွင် ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ ထို့ပြင် မွန်းလွဲ ၁၂ နာရီခန့်တွင် ကျောက်ကြီးရှိ အကြမ်းဖက် စစ်တပ်က နရွဲပင်ကျေးရွာအတွင်းကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ အသက် ၄၃ နှစ်အရွယ် သားကြီး လက်နက်ကြီး ထိမှန်ကာ လက်ချောင်ပြတ်ခဲ့ပြီး အသက် ၅၃ နှစ်အရွယ် စောဖားသူး နေအိမ် လက်နက်ကြီးထိမှန်ကာ ပျက်စီးခဲ့ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article