28 C
Yangon

ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်နှင့် မှော်ဘီမြို့နယ်တွင် စစ်မှုထမ်းရန် ဆင့်ခေါ်သူ များ မလာရောက်တော့၍ စစ်တပ်နှင့်ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့က မြင်သမျှ လူငယ်များကို ပိတ်ဆို့ဖမ်းဆီးပြီး စစ်တပ်ထဲခေါ်ဆောင်

Must read

စစ်တပ်ထဲသွင်းရန် ဖမ်းဆီးခံရသူများတွင် ကျန်းမာရေးမကောင်းသူများနှင့် ကလေးဖခင်များ ပါဝင်

ရန်ကုန်၊ မတ် ၂၉

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်နှင့် မှော်ဘီမြို့နယ်တို့တွင် စစ်မှုထမ်းရန်အတွက် မဖြစ်မနေ လာရောက် ဆင့်ခေါ်စာ ပေးပို့ထားသည့် လူငယ်များ ထွက်ပြေးတိမ်းရှောင်သွား၍ စစ်တပ်နှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့က ရပ်ကွက်များကို ပိတ်ဆို့ကာ မြင်သမျှ လူငယ်များကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရှိရသည်။

ယနေ့ မတ်လ ၂၉ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၊ ၁၃၄ ရပ်ကွက် အုပ်ချုပ်ရေးသန်းဝင်းအောင်နှင့် စစ်တပ်က ရပ်ကွက်အတွင်းမှ လူငယ် ၃ ဦးကို စစ်မှုထမ်းရန်အတွက်ဟုဆိုကာ အတင်းအကျပ် ဝင်ရောက် ဖမ်းဆီးသွားကြောင်း၊ အဆိုပါ လူငယ် ၃ ဦးသည် မဲပေါက်ထားသည့်လူငယ်များမဟုတ်ဘဲ ဆင့်ခေါ်သူများ မလာရောက်၍ အစားထိုး ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရှိရသည်။

အလားတူ ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်ညောင်ကုန်းကျေးရွာအုပ်စုတွင်လည်း လူငယ် ၁၀ ဦးကို စစ်တပ်နှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များက ယနေ့ နံနက် ၂ နာရီအချိန်တွင် ဝင်ရောက် ပိတ်ဆို့ ဖမ်းဆီးသွားကြောင်း သိရှိရသည်။

“မနက် ၂ နာရီလောက်မှာ အုပ်ချုပ်ရေးမှူးနဲ့ စစ်သားတွေက အိမ်တွေကို ပိတ်ဆို့ပြီး ဝင်ဖမ်းတာ။ မိဘတွေလည်း ပူဆွေးသောကရောက်ကြတယ်။ သားတွေ ဘယ်ခေါ်သွားလဲဆိုတာ မေးလို့လည်းမရဘူး။ အဆက်အသွယ်လည်း မရဘူး။ အုပ်ချုပ်ရေးမှူး မိုးမြင့်၊ ရာအိမ်မှူး မင်းဆွေ၊ တင်စော၊ မြင့်အောင်၊ ခင်ထွန်း တို့နဲ့ စစ်တပ် ပေါင်းလုပ်ကြတာ။ လူငယ်တွေလည်း အကုန် ပြေးနေကြရပြီ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

မတ်လ ၂၇ ရက်နေ့ မရမ်းကုန်းမြို့နယ်၊ သမိုင်းမြို့သစ် ၁ ရပ်ကွက်ကို စစ်တပ်နှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့က ဝင်ရောက်စီးနင်းပြီး လူငယ် ၁၂ ဦးကို စစ်မှုထမ်းရန် ဖမ်းဆီးခဲ့ရာတွင် ကိုမျိုးကြည်ဆိုသော ကျန်းမာရေး မကောင်းမွန်သော ကလေးဖခင်တစ်ဦး ပါပါသွားကြောင်း၊ ကိုမျိုးကြည်သည် သမီး ၂ ဦး၏ ဖခင်ဖြစ်ပြီး ဦးခေါင်းခွဲစိတ်မှု ခံယူထားသူဖြစ်ကြောင်း၊ သတိမေ့တတ်ပြီး ကျန်းမာရေး ပုံမှန်မဟုတ်ဘဲ ဆေးဝါးများ သောက်သုံးနေရသူဖြစ်ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် #မှော်ဘီမြို့နယ် #စစ်တပ်နှင့်ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article