30 C
Yangon

မန္တလေးမြို့တွင် အိမ်ခြေ ၅၀၀ ခန့်ရှိသော ကြံခင်းရပ်ကွက်ကို စစ်တပ်က အင်အား အလုံးအရင်းဖြင့် လာရောက်ပြီး နေအိမ်များကို ချိတ်ပိတ်ရန် လုပ်ဆောင်

Must read

ရန်ကုန်၊ မတ် ၂၉

မန္တလေးမြို့ ကျုံးအနောက်ဘက် ၁၁ x ၈၆ လမ်းပေါ်ရှိ အိမ်ခြေ ၅၀၀ ခန့်ရှိသော ကြံခင်းရပ်ကွက်ကို အကြမ်းဖက် စစ်တပ်က အင်အား အလုံးအရင်းဖြင့် လာရောက်ပြီး နေအိမ်များကို ချိတ်ပိတ်ရန် လုပ်ဆောင်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၂၉ ရက်နေ့ နံနက်ပိုင်းတွင် အကြမ်းဖက်စစ်သားများက ၁၁ လမ်းထိပ်မှ ၁၆ လမ်းထိပ်အထိ ရပ်ကွက်ကို ချိတ်ပိတ်ခဲ့ခြင်း ဖြစ်ပြီး လက်ရှိအချိန်တွင် ရပ်ကွက်လူကြီးများ၏ ညှိနှိုင်းမှုဖြင့် စစ်ကားများ ပြန်သွားကြောင်း ရပ်ကွက်နေပြည်သူများက ပြောကြားသည်။

“သီပေါမင်း အမျိုးဆိုသူက သူတို့ပိုင်တယ်ဆိုပြီး ဖယ်ခိုင်းတာ မရလို့။ ခုဟာက အမှုကို စစ်တပ်ကိုရောင်းလိုက်တာလို့ကြားတာပါပဲ။ တစ်အိမ်တသိန်းပေးရမယ် ဆိုလို့လည်းပေးပြီးသားပါ။ သူတို့က အမှုနိုင်တယ်ဆိုပြီး ဖျက်ဖို့ လာကြတာပါ”ဟု ရပ်ကွက်နေ ပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောကြားသည်။

အဆိုပါ ရပ်ကွက်တွင် အိမ်ခြေ ခန့်မှန်းခြေ ၅၀၀ ခန့်ရှိပြီး ရပ်ကွက်နေထိုင်သူများသည် ရပ်ကွက်စာချုပ်များ ၊ ဂရံများ ပိုင်ဆိုင်ထားကြကြောင်း ရပ်ကွက်နေ ပြည်သူများက ပြောဆိုသည်။

လက်ရှိအချိန်တွင် အကြမ်းဖက်စစ်တပ်၏ စစ်ကားများ ပြန်လည်ထွက်ခွာသွားပြီ ဖြစ်ပြီး ရပ်ကွက်နေပြည်သူများက အမှုထပ်ဖွင့်၍ ညှိနှိုင်းရန်လုပ်ဆောင်နေကြောင်း ရပ်ကွက်နေပြည်သူများက ပြောကြားသည်။

Photo – အကြမ်းဖက် စစ်ကောင်စီ တပ်သားများ (ပုံအဟောင်းဖြစ်သည်)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #မန္တလေးမြို့ #စစ်တပ်က အင်အား အလုံးအရင်း #နေအိမ်များကို ချိတ်ပိတ်

အကြမ်းဖက် စစ်ကောင်စီ တပ်သားများ (ပုံအဟောင်းဖြစ်သည်)
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article