38 C
Yangon

ထားဝယ်မြို့နှင့် ဘုတ်ပြင်းမြို့နယ်ရှိ စကခ – ၈ နှင့် တပ်ရင်း ၂ ခုကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

Must read

ထားဝယ်မြို့နှင့် ဘုတ်ပြင်းမြို့နယ်ရှိ စကခ – ၈ နှင့် တပ်ရင်း ၂ ခုကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

ရန်ကုန်၊ မတ် ၂၉

တနင်္သာရီတိုင်း၊ ထားဝယ်မြို့ အခြေစိုက် အကြမ်းဖက် စစ်တပ်၏ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ – ၈) ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း Tavoy People Liberation Force – TPLF အဖွဲ့ထံမှ သိရသည်။

မတ်လ ၂၇ ရက်နေ့ ညနေပိုင်းတွင် ထားဝယ်မြို့ အခြေစိုက် အကြမ်းဖက် စစ်တပ်၏ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် (စကခ – ၈) ကို ဖက်ဆစ် တော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် ထားဝယ် ပြည်သူ့လွတ်မြောက်‌ရေးတပ်ဖွဲ့ (TPLF) ၏ ဒရုန်းတပ်ဖွဲ့က ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုအတွင်း ဒရုန်း ဗုံးသီး ၃ လုံး ကျဲချနိုင်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက် သေဆုံးမှု ရှိကာ အသေးစိတ် အခြေအနေကို စုံစမ်း စိစစ်ဆဲဖြစ်ကြောင်း၊ ထားဝယ် ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ (TPLF) ၏ ဒရုန်းတပ်ဖွဲ့သည် ထားဝယ် ဒေသအတွင်း တိုက်ပွဲများ တွင်လည်း ပါဝင် တိုက်ခိုက်လျက်ရှိကြောင်း သိရှိရသည်။

အလားတူ မတ်လ ၂၇ ရက်နေ့တွင် ဘုတ်ပြင်းမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ ခမရ ၅၅၉ နှင့် ခမရ ၅၆၀ တပ်ရင်းတို့ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း Dragon Squad – TNI အဖွဲ့ထံမှ သိရသည်။

မတ်လ ၂၇ ရက်နေ့တွင့် ကော့သောင်းခရိုင်၊ တပ်ရင်း ၁ မှ ဦးဆောင်၍ တပ်မတော်နေ့ကို မထောက်ခံသည့်အနေဖြင့် ဘုတ်ပြင်းမြို့နယ်၊ လေညာကျေးရွာအနီးရှိ အကြမ်းဖက် စစ်တပ်၏ ခမရ ၅၅၉ တပ်ရင်းနှင့် ခမရ ၅၆၀ တပ်ရင်းအတွင်းရှိ ဗဟိုကင်းကို Dragon Squad ဒရုန်းအဖွဲ့က ဒရုန်းဖြင့် ၄ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး ယင်းတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုနှင့် ဆုံးရှုံးမှုများရှိသည်ဟု သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article