37 C
Yangon

စစ်ကိုင်း-မင်းကွန်း လမ်းပိုင်းတွင် အလုပ်မှ ပြန်လာသည့် ပြည်သူ ၅၀ ဦးခန့်ကို စစ်တပ်က ဖမ်းဆီးပြီး တစ်ဦးလျှင် ငွေကျပ် ၅ သိန်းဖြင့် ပြန်းရွေးခိုင်း၊ ငွေမတတ်နိုင်သူများကို တပ်သားသစ်များအဖြစ် စစ်ထဲသွင်း

Must read

စစ်ကိုင်း-မင်းကွန်း လမ်းပိုင်းတွင် အလုပ်မှ ပြန်လာသည့် ပြည်သူ ၅၀ ဦးခန့်ကို စစ်တပ်က ဖမ်းဆီးပြီး တစ်ဦးလျှင် ငွေကျပ် ၅ သိန်းဖြင့် ပြန်းရွေးခိုင်း၊ ငွေမတတ်နိုင်သူများကို တပ်သားသစ်များအဖြစ် စစ်ထဲသွင်း

ရန်ကုန်၊ မတ် ၃၀

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ စစ်ကိုင်း-မင်းကွန်း လမ်းပိုင်းတွင် အလုပ်မှ ပြန် လာသည့် ပြည်သူ ၅၀ ဦးခန့်ကို အကြမ်းဖက် စစ်တပ် ဂိတ်က ဖမ်းဆီးပြီး တစ်ဦးလျှင် ငွေကျပ် ၅ သိန်းဖြင့် ပြန်းရွေးခိုင်းကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၂၉ ရက်နေ့တွင် စစ်ကိုင်း-မင်းကွန်း လမ်းပိုင်း၌ ညနေခင်း လုပ်ငန်းမှပြန်လာသည့် ပြည်သူ ၅၀ ခန့်ကို စစ်ကိုင်း တံတားပေါ်ရှိ အကြမ်းဖက် စစ်တပ် ဂိတ်က ဆိုင်ကယ် ၂ ဦးစီးသည်ဟုဆိုကာ ဖမ်းဆီးပြီး ပြည်သူ ၁ ဦးလျှင် ငွေကျပ် ၅ သိန်းဖြင့် ပြန်ရွေးခိုင်းကြောင်း၊ ပြန်မရွေးနိုင်သူများ စစ်ထဲဝင်ရမည်ဟုဆိုကာ တပ်ထဲသို့ ခေါ်ဆောင်သွားကြောင်း သိရှိရသည်။

အဆိုပါ ဖမ်းဆီးခံရသူများထဲမှ ပြည်သူ ၃၀ ဦးခန့်၏ မိသားစုဝင်များက ငွေကျပ် ၅ သိန်းဖြင့် ပြန်လည်ရွေးခေါ်သွားကြသော်လည်း ငွေကြေး မတတ်နိုင်သည့် ကျန် ပြည်သူ ၂၀ ဦးခန့်ကို ရွှေမင်းဝံ အမှတ် ၂ ရဲစခန်းတွင် ဖမ်းဆီးချုပ်နှောင်ခဲ့ကြောင်း၊ ယင်းနောက် အမှတ် ၃၃ ခြေမြန်တပ်မဌာနချုပ်သို့ တပ်သား သစ်အဖြစ် စုဆောင်း ခေါ်ဆောင်သွားကြောင်း သိရှိရသည်။

“စစ်ကိုင်း-မင်းကွန်းလမ်းမှာ ညနေခင်း လုပ်ငန်းက ပြန်လာတဲ့ ပြည်သူတွေကို စစ်ကိုင်းတံတားပေါ်က စစ်ခွေးဂိတ်က ဆိုင်ကယ် လူ ၂ ဦးစီးတယ်ဆိုတဲ အကြောင်းပြချက်နဲ့ ပေါ်တာဆွဲတာ ၅၀ ကျော်လောက် ပါသွားပါတယ်။ ဖမ်းခံရတဲ့သူတွေကို ငွေနဲ့ သွားရွေးလို့ လွတ်တဲ့သူတွေရှိတယ်။ လက်လုပ်လက်စားမို့ ငွေနဲ့မရွေးနိုင်ကြောင်း ပြောတဲ့ ၁၅ ဦးကျော်လောက်တော့ရှိတယ်။ သူတို့ကို ရွှေမင်းဝံ အမှတ် ၂ ရဲစန်း ထိန်းသိမ်းထားပြီး တပ်မ ၃၃ ထဲတန်းပို့တယ်လို့သိရပါတယ်။ ငွေကြေးမ‌ပေးနိုင်သူတွေက ပန်းရံအလုပ်သမားတွေများပါတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ- စစ်ကောင်စီက ပြည်သူများကို တပ်သားသစ်အဖြစ် အတင်းအကျပ် စုဆောင်းနေသည့်မြင်ကွင်း။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article