38 C
Yangon

မြန်မာနိုင်ငံတွင် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံဖြစ်ပေါ်ရေး ကြိုးပမ်းနေသော KIA ၊ KNU ၊ KNPP နှင့် CNF ခေါင်းဆောင်များနှင့် အမေရိကန်နိုင်ငံခြားရေးအတိုင်ပင်ခံ တွေ့ဆုံဆွေးနွေး

Must read

မြန်မာနိုင်ငံတွင် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံဖြစ်ပေါ်ရေး ကြိုးပမ်းနေသော KIA ၊ KNU ၊ KNPP နှင့် CNF ခေါင်းဆောင်များနှင့် အမေရိကန်နိုင်ငံခြားရေးအတိုင်ပင်ခံ တွေ့ဆုံဆွေးနွေး

ရန်ကုန်၊ မတ် ၃၀

မြန်မာနိုင်ငံတွင် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ ဖြစ်ပေါ်ရေး ကြိုးပမ်းနေသော KIA ၊ KNU ၊ KNPP နှင့် CNF(K3C) မဟာမိတ်တပ်ဖွဲ့မှ ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးကြောင်း အမေရိကန်နိုင်ငံခြားရေးအတိုင်ပင်ခံ Derek Cholletက တွစ်တာ လူမှုကွန်ရက်မှတစ်ဆင့် သတင်းထုတ်ပြန်သည်။

ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံဖြစ်ပေါ်ရေး ကြိုးပမ်းနေသော K3C မဟာမိတ်တိုင်း ရင်းသားတော်လှန်ရေးတပ်ဖွဲ့မှ ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ပြီး နိုင်ငံတကာအသိုင်းအ၀ိုင်းအနေဖြင့် ကူညီထောက်ပံ့ရေးများ တိုးမြှင့်ရေး ဆွေးနွေးခဲ့ကြောင်း၊ မြန်မာပြည်သူများအတွက် ကောင်းမွန်သော အနာဂတ်တည်ဆောက်ရရှိရေးအတွက်လည်း ဆွေးနွေးကြောင်း သိရှိရသည်။

ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကရင်နီအမျိုးသားများတိုးတက်ရေးပါတီ(KNPP)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO ) တို့သည် NUG နှင့်အတူ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့တွင် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေး ဘုံသဘောတူညီချက် လမ်းပြမြေပုံကို တရားဝင် ပူးတွဲထုတ်ပြန်ကြေညာခဲ့ကြသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article