30 C
Yangon

ဆီဆိုင်မြို့တွင် စစ်တပ်က ပြည်သူများကို ဖမ်းဆီး၍ ပအိုဝ်းဝတ်စုံများ ဝတ်ဆင်ခိုင်းပြီး ဓာတ်ပုံရိုက်ကာ သတင်းမှားများဖြန့်ဝေ၊ မြေပြင်တွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေ‌၍ မြို့တွင်းကို ပြည်သူများ မဝင်ရောက်ရန် PNLA က သတိပေး

Must read

ဆီဆိုင်မြို့တွင် စစ်တပ်က ပြည်သူများကို ဖမ်းဆီး၍ ပအိုဝ်းဝတ်စုံများ ဝတ်ဆင်ခိုင်းပြီး ဓာတ်ပုံရိုက်ကာ သတင်းမှားများဖြန့်ဝေ၊ မြေပြင်တွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေ‌၍ မြို့တွင်းကို ပြည်သူများ မဝင်ရောက်ရန် PNLA က သတိပေး

ရန်ကုန်၊ မတ် ၃၀

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့တွင်းကို စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်က ပြည်သူများကို ဖမ်းဆီးပြီး လူသားဒိုင်း ပြုလုပ်ကာ ပအိုဝ်းဝတ်စုံ ဝတ်ဆင်ခိုင်း၍ ဓာတ်ပုံရိုက်ပြီး သတင်းမှာများ ဖြန့်ချိလျက်ရှိကြောင်း PNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ် ပြန်ထားသည်။

ယမန်နေ့ မတ်လ ၂၈ ရက်နေ့တွင် အကြမ်းဖက် စစ်သားများက ပြည်သူလူထုကို ဖမ်းဆီးပြီး လူသားဒိုင်းအသုံးပြုကာ ဆီဆိုင်မြို့တွင်းကို ဝင်ရောက်လာသောကြောင့် တော်လှန်ရေး အင်အားစုက တိုက်ခိုက်မှု မပြုလုပ်ဘဲ ရှောင်တိမ်းခဲ့ကြောင်း၊ ထိုသို့ ဝင်ရောက်လာသည့် အကြမ်းဖက် စစ်သားများက လူသားဒိုင်း အသုံးပြုလာသူ အချို့ကို ပအိုဝ်းဝတ်စုံ ဝတ်ဆင်စေကာ ဆီဆိုင်မြို့တွင်း နေရာအချို့၌ ဓာတ်ပုံရိုက်ယူ သွားကြောင်း သိရသည်။

လက်ရှိတွင် ဆီဆိုင်မြို့သို့ စစ်ပွဲဇုန်ဖြစ်နေပြီး အကြမ်းဖက်စစ်တပ်က အင်အားဖြည့်တင်းကာ ဆီဆိုင် မြို့ကို ပစ်ခတ်ဖျက်ဆီးလျက်ရှိသဖြင့် တိုက်ပွဲများလည်း ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကြောင်း သိရ သည်။

အကြမ်းဖက် စစ်ကောင်စီသည် ပြည်သူအား လူသားဒိုင်းအဖြစ်အသုံးပြုရန် ရည်ရွယ်ချက်ဖြင့် လူထု များအား မြို့တွင်းပြန်ဝင်နိုင်ပြီဟု သတင်းအမှားများဖြန့်နေလျက်ရှိရာ ယင်း သတင်းအမှား များကို ယုံကြည်ပြီး စစ်မက်ဖြစ်ပွားနေသည့် စစ်ဇုန်အတွင်းသို့ ဝင်ရောက်မိပါက စစ်ကောင်စီ၏ လူသားဒိုင်း အဖြစ် အသုံးပြုခြင်းကို ခခံရနိုင်ပြီး မလိုလားအပ်သည့် ထိခိုက်မှုများလည်းဖြစ်ပွားနိုင်ကြောင်း PNLA သတင်းနှင့်ပြန်ကြားရေးဌာနက အသိပေးထားသည်။

ထို့ကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီမှ လူသားဒိုင်းအဖြစ် အသုံးပြုခြင်းမခံရစေရန်နှင့် တိုက်ပွဲအကြား မလိုလားအပ်သည့် ထိခိုက်မှုများ မဖြစ်စေရန်အတွက် ပအိုဝ်းအမျိုးသားလွတ်မြောက် ရေးတပ်မတော်၏ တရားဝင်ထုတ်ပြန်ချက်များကို စောင့်ကြည့်ကြရန် အထူးတိုက်တွန်းထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article