25 C
Yangon

လောင်းလုံးမြို့နယ်တွင် စခန်းမှူး လိုက်ပါလာသော ယာဉ်တန်းနှင့် လမ်းလုံခြုံရေး ယူပေးနေသော စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲပြီး မိုင်းဆွဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁ ဦးသေဆုံး

Must read

လောင်းလုံးမြို့နယ်တွင် စခန်းမှူး လိုက်ပါလာသော ယာဉ်တန်းနှင့် လမ်းလုံခြုံရေး ယူပေးနေသော စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲပြီး မိုင်းဆွဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁ ဦးသေဆုံး

ရန်ကုန်၊ မတ် ၃၀

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် စခန်းမှူး လိုက်ပါလာသော ယာဉ်တန်းနှင့် လမ်းလုံခြုံရေး ယူပေးနေသော စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲပြီး မိုင်းဆွဲ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၁ ဦးသေဆုံးခဲ့ကြောင်း လောင်းလုံးမြို့နယ် PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၂၉ ရက်နေ့ နံနက် ၅ နာရီခန့်တွင် လောင်းလုံး မှ ထားဝယ်ကို မြို့နယ် စခန်းမှူး အပြောင်းအရွှေ့ ပြုလုပ်စဉ် လောင်းလုံးမြို့ပေါ်ရှိ အကြမ်းဖက် စစ်သားများသည် အင်အား ၁၅ ဦးခန့်ဖြင့် လမ်းကင်းထွက်ယူစဉ် တော်လှန်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၁ ဦး သေဆုံးခဲ့ကြောင်း မိုင်းဆွဲ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပြန်လည် ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ယင်းနေ့ နံနက် ၆ နာရီ ၃၀ မိနစ်ခန့်ကလည်း လောင်းလုံးမြို့နယ် ရဲစခန်းမှူး လိုက်ပါလာသည့် အိမ်စီး ကား ပါဝင်သည့် ယာဉ်တန်းကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၈ ဦးလိုက်ပါလာသည့် မြေတင်ကားပေါ် ဗုံးသီးကျရောက်ခဲ့ပြီး စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိသော်လည်း အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။

” ၂ နေရာ တိုက်ခိုက်ခဲ့တာပေါ့။ နံနက် အစောကြီး ၅ နာရီ၀န်းကျင်မှာ ကင်းယူပေးတဲ့ စစ်ခွေးအဖွဲ့ကို မိုင်းဆွဲ တိုက်ခိုက်ပြီး စခန်းမှူးအပြောင်းရွေ့လုပ်စဉ် လုံခြုံရေးယူပေးတဲ့ စစ်ခွေး ၈ ကောင်ခန့် ပါလာတဲ့ မြေတင်ကားကို ဒရုန်းနဲ့ ဗုံးကျဲ တိုက်ခိုက်မှု ပြုလုပ်ပြီး ဒရုန်းဗုံးသီးကတော့ မြေတင်ကား အနောက်ခွင်ထဲ တည့်တည့်ကျပြီး ကားပေါ်ပါလာတဲ့ စစ်ခွေး အကုန်လုံး ပက်လက်လှန်ကျပြီးထိခိုက်သွားပါတယ်။ ပြန်တောင် မပစ်နိုင်တော့ဘူး။ အိမ်စီးကားနဲ့ လိုက်ပါလာတဲ့ လောင်းလုံး စခန်းမှူး အပါအ၀င် စစ်ခွေး တချို့ကတော့ လက်နက်ငယ်နဲ့ ၄ ချက် ပစ်ခတ်ပြီး မောင်းပြေးသွားတယ်” ဟု လောင်းလုံးမြို့နယ် PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ လောင်းလုံး (ပကဖ) လိပ်ပြာတပ်စု၊ တောသားလေးတပ်စု၊ ကင်းမြီးကောက် ပြောက်ကျားတပ်စု နှင့် ဓူဝံကြယ်တပ်ဖွဲ့တို့က ပူးတွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article