25 C
Yangon

Khit Thit သတင်းဌာန၏ မတ် ၃၀ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ မတ် ၃၀ ရက်နေ့ ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • ပြည်နယ်နဲ့ တိုင်းအသီးသီးက လူငယ်တွေကို အကြမ်းဖက် စစ်တပ်က စစ်မှုထမ်းဖို့ လေ့ကျင့်ရေး တပ်တွေထဲ ခေါ်သွားပြီး မိုဘိုင်းလ်ဖုန်းတွေ လုံး၀ အသုံးပြုခွင့်မပေးတဲ့ အပြင် မိသားစုနဲ့ပါ အဆက် အသွယ်လုပ်ခွင့်မပေးဘူးလို့ စစ်သားအဖြစ် စုဆောင်းခံရတဲ့ လူငယ်တွေရဲ့ မိဘဆွေမျိုးတွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • ရခိုင်ပြည်နယ် ၊ အမ်းမြို့နယ်မှာရှိတဲ့ တရုတ်ရေနံပိုက်လိုင်းအနီးမှာ စစ်ကောင်စီက ပစ်လိုက်တဲ့ လက်နက်ကြီး ကျည်တွေ ကျရောက်ပေါက်ကွဲနေပြီး ၊ စစ်တပ်က ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်နေတယ်လို့ ဒေသခံပြည်သူတွေက ပြောပါတယ်။
  • ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့မှာ အကြမ်းဖက် စစ်တပ်က ပြည်သူတွေကို ဖမ်းဆီးပြီးတော့ ပအိုဝ်းဝတ်စုံ ဝတ်ဆင်ခိုင်းပြီးမှာ ဓာတ်ပုံရိုက် သတင်းမှားများဖြန့်ဝေနေသလို ၊ မြေပြင်မှာတော့ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေ‌ပြီး မြို့တွင်းကို ပြည်သူတွေ မဝင်ရောက်ဖို့ PNLA က သတိပေးထား ပါတယ်။
  • မြန်မာ့ရွှေစျေး ၄၅ သိန်းကျော်လာတဲ့အချိန် ရန်ကုန်ရွှေအသင်းက လေပတ်ကားနဲ့ စျေးကစားသူတွေကို စစ်တပ်ဆီ သတင်းပေးပြီး အရေးယူမယ်လို့ ဆိုလိုက်တဲ့အပြင် ၊ ရွှေကုန်သည်တွေကိုလည်း စသုံးလုံး နဲ့ စစ်တပ်က ခေါ်ယူစစ်ဆေးနေတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article