30 C
Yangon

ဘုတ်ပြင်းမြို့နယ်ရှိ ခမရ-၅၅၉ နှင့် ခမရ-၅၆၀ တပ်ရင်း ၂ ခု၏ ဗဟိုကင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံး

Must read

ဘုတ်ပြင်းမြို့နယ်ရှိ ခမရ-၅၅၉ နှင့် ခမရ-၅၆၀ တပ်ရင်း ၂ ခု၏ ဗဟိုကင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံး

ရန်ကုန်၊ မတ် ၃၁

တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်ရှိ ခမရ-၅၅၉ နှင့် ခမရ-၅၆၀ တပ်ရင်း ၂ ခု၏ ဗဟိုကင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း ကော့သောင်းခရိုင် အမှတ် ၁ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၂၇ ရက်နေ့တွင် ဘုတ်ပြင်းမြို့နယ်၊ လေညာကျေးရွာရှိ အကြမ်းဖက် စစ်တပ်၏ ခမရ-၅၅၉ နှင့် ခမရ-၅၆၀ တပ်ရင်း ၂ ခု၏ ဗဟိုကင်းများကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီး ၄ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုအတွင်း တပ်ရင်းထဲရှိ လက်နက်ကြီးအထိုင် ဗုံးသီးများ ထားရှိသော နေရာကို ဒရုန်းဗုံးသီးများ ကျရောက် ပေါက်ကွဲခဲ့သောကြောင့် အကြမ်းဖက် စစ်ကောင်စီ တပ်သား ၅ ဦး ပွဲချင်းပြီး သေဆုံးပြီး ၇ ဦး ထိခိုက် ဒဏ်ရာရရှိကာ ဘုတ်ပြင်းမြို့ရှိ စစ်ဆေးရုံကို ပို့ဆောင်ထားကြောင်း၊ ဒဏ်ရာရရှိသူများထဲမှ ၂ ဦးမှာ ဒဏ်ရာ ပြင်းထန်ကြောင်း သိရှိရသည်။

” ၂၇ ရက်နေ့ တပ်မတော်နေ့ကို မထောက်ခံတဲ့အနေနဲ့ တနင်္သာရီတိုင်း ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ် လေညာကျေးရွာအနီးက ခမရ-၅၅၉ နဲ့ ခမရ-၅၆၀ တပ်ရင်းတွေကို ဒရုန်း Jammer ဖွင့်ထားတဲ့ကြားထဲကနေ ဗုံးသီး ၄ လုံးကျဲချခဲ့တာ အနောက်ဆုံး ချတဲ့ ၁ လုံးက ရန်သူ့ စခန်း လက်နက်ကြီး ဗုံးသီးတွေကို ထိမှန်ပြီး ထပ်ဆင့်ကွဲတာ စစ်ခွေး ၅ ကောင် ပွဲချင်းပြီး သေတယ်။ ၇ ကောင် ဒဏ်ရာရတယ်။ ၂ ကောင်ကတော့ စိုးရိမ်ရတယ်။ ဘုတ်ပြင်း စစ်ဆေးရုံ တင်ထားရတယ်။ အခုက ဗုံးသီး ရိုးရိုးစမ်းရင် ပြည်သူငွေဖြုန်းသလို ဖြစ်နေမှာဆိုးလို့ ရန်သူ့စခန်းမှာ သွားစမ်းတာပါ” ဟု ကော့သောင်းခရိုင် အမှတ် ၁ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ကော့သောင်း ခရိုင်အမှတ် ၁ တပ်ရင်းနှင့် Dragon Squad အဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ပြီး စစ်တပ် လက်အောက်ခံ ရဲစခန်း နှင့် ဌာနများကိုပါ ဒရုန်းဖြင့် တိုက်ခိုက်သွားမည်ဟု ကော့သောင်းခရိုင် အမှတ် ၁ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ဆက်လက် ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article